Sunday, September 18, 2016

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အထူး တာဝန်ယူထားဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈ 

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အထူး တာဝန်ယူ စောင့်ရှောက်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော် ပြောကြားထားသည်။

“အန္တရာယ် ကင်းရှင်းပါတယ်။ US Secret Service က လုံခြုံရေး အထူး တာဝန်ယူထားပြီး စောင့်ရှောက်နေပါတယ်”ဟု ဦးဇော်ဌေးက ဆိုသည်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ချဲလ်ဆီးစီရင်စု၌ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ည ၉ နာရီက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။

No comments: