Saturday, September 3, 2016

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်--ဟိုပင် ဆရာမ နေအိမ် ဖောက်ထွင်းသွားသည့် သူခိုး ဖမ်းဆီးရမိ ***************************************


ကချင်ပြည်နယ် မိုးညှင်းမြို့နယ်--ဟိုပင်နယ်မြေရဲစခန်
၁-၉-၁၆ ရက်နေ့၁၅၀၀ချိန်ခန့်စခန်းမူး ရဲအုပ်တင်ထွဋ် ဦးစီးပြီး နယ်ထိန်းတပ်ဖွဲ့ဝင်များနင့်သက်သေများ လိုက်ပါပြီး ဆရာမ ဒေါ်တင်တင်မိုး ၏နေအိမ်တွင် ရွှေငွေ နှင့် အခြားပစ္စည်းများ ပျေက်ဆုံးခိုးယူသွားကြောင်း သတင်းအရ (၂၄) နာရီအတွင်း လိုက်လံ စုံစမ်းရာ
ဟိုပင်မြို့နယ် နန်းရင်းကျေးရွာ အလယ်ပိုင်း နေ စိန်ဝင်း (ခ) ဖိုးဖြူ အား အထောက်အထား ခိုင်လုံသဖြင့် ၎င်း၏ နေအိမ်အား ဝင်ရောက် ဖမ်းဆီးရာ စိန်ဝင်း (ခ) ဖိုးဖြူ မှာ နေအိမ်အပေါ်ထပ် အိပ်ခန်းတွင် ပုန်းအောင်နေသည်ကို တွေ့ရှိသသဖြင့် ဆက်လက် စစ်ဆေး မေးမြန်းရာ ၎င်းခိုးယူသည့် သေတ္တာနှင့် ရွှေငွေပစ္စည်းများ ခိုးယူခဲ့ ကြောင်း ဝန်ခံသဖြင့် ၎င်းဝှက်ထားသည့် နေရာများအား လိုက်လံ ပြသစေရာ နေအိမ်နောက် ဝါးရုံပင်တွင် ပိုက်ဆံ အိတ်နှင့် အိတ် အတွင်းငွေများ။ ၎င်းခြံတွင် ဝှက်သိမ်း ထားသော စာလာအိတ်အတွင်းမှ ရွှေနှင့်ငွေ များ စာရွက်စာတမ်းများ။ သေတ္တာအား နန့်ရင်းသုသာန် ခြုံတောထဲတွင် ဝှက်သိမ်းထားသည့် နေရာအသီးသီး အား ကိုယ်တိုင် လိုက်လံ ပြသပေးသဖြင့် ဟိုပင်နယ်မြေ ရဲစခန်းမှ ပစ္စည်းများနှင့် အတူ သခိုးကြီးအား ၂၄ နာရီ အတွင်း ဖမ်းလိုက်နိုင်ပါပြီး။
Photo & News - Kaung Khant
Via-Zin Moe




No comments: