လူသေတာခြင်းတူပေမဲ့ စစ်ပွဲဟာ လူသတ်ပွဲမဟုတ်ပါ၊ စစ်ပွဲကို နိုင်ငံတကာသဘောတူ အဓိပ္ပါယ်ဖွင့်ဆို ထားပါတယ်။ စည်းဘောင်ကျော်၍မရပါ။ စစ်ပွဲဆိုတာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမရတဲ့အခါ သီးခြားဖြေရှင်းနည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်တွင်းစစ်အစဟာ ဖဆပလ အရပ်သား ဦးနုအစိုးရလက်ထက် ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းကစလိုက်တာ ၁၉၅၀ ဝန်းကျင် ရန်ကုန်တစ်မြို့တည်းကွက်ကွက်လေးကျန်တဲ့အထိ လက်နက်ကိုင်သောင်းကျန်းသူပေါင်းစုံ အင်အားကြီးမားဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်စစ်တပ်လဲ အာဏာမသိမ်းရသေး၊ ဦးနေဝငးလဲ ကာချုပ်မဖြစ်သေးပါ။ အာဏာရှင်အုပ်စိုးမှ စစ်ဖြစ်တယ်ဆိုတာ မမှန်(ဥပမာ-အမေရိကန်)၊ ပြည်တွင်းစစ်အနေနဲ့ သီရိလင်္ကာဖြစ်ပါတယ်၊ (သီရိလင်္ကာ ဘယ်လိုဖြေရှင်းသွားပါသလဲ၊ ဗုဒ္ဓဘာသာတိုင်းပြည်ပါ) စစ်ဖြစ်လျှင် လူသေပါတယ်၊ လူသေတာမကြိုက်သော်လည်း ရပ်ခိုင်းရအောင် စစ်ပွဲဆိုတာ လူသတ်ပွဲမဟုတ်ပါ။ တိုင်းပြည်တစ်ပြည်မှာ ဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့ စစ်တပ် တစ်တပ်ထည်းသာရှိပါတယ်၊ ကျန်လက်နက်ကိုင်များဟာ ဥပဒေနှင့် အညီမဟုတ်လျှင် သူပုန်သာဖြစ်တယ်၊ အဲဒါကြောင့် လက်ရှိ အပစ်ရပ်လက်မှတ်ထိုးမထားသော လက်နက်ကိုင်တွေဟာ သူပုန်သာဖြစ်ပြီး အင်အယ်ဒီအစိုးရသစ်ကို လက်နက်ကိုင်ပုန်ကန်နေသူတွေသာဖြစ်ပါတယ်၊ ဒီရက်ပိုင်းအတွင်း AA, SSPP/SSA, တို့ စစ်တပ်ကို ခြုံခိုတိုက်ရာကစပြီး သူတို့ အခြေစိုက်စခန်းများ ကျဆုံးပါတော့မယ်။ AA, SSPP/SSA, KIA တို့ ဒီနှစ်မကုန်ခင် နိဂုံးချုပ်တော့မှာမို့ ဒေါ်အောင်ဆန်းစုကြည် ဒုတိယ ပင်လုံလုပ်နိုင်ပြီး၊ ပြည်တွင်းငြိမ်းချမ်းရေး ရပါတော့မယ်။ ပြည်တွင်းစစ် အမှန်တကယ် ရပ်စေချင်ရင် သူပုန်အထိနာနေချိန် သူတို့သက်ဆိုးရှည်စေမဲ့ စစ်တပ်ထိုးစစ်ကို ရပ်သွားအောင်မလုပ်သင့်ပါ။ နှစ်ဖက် စစ်သားချင်း စစ်သားအလုပ် လုပ်ကြပါစေ
No comments:
Post a Comment