မြန်မာသတင်းလွတ်လပ်ခွင့် တန့်နေတယ်လို့ ၀န်ကြီးပြော
‘‘နယ်စည်းမခြားသတင်းသမားများအဖွဲ့ရဲ့ ၂၀၁၆ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ကျွန်တော်တို့ နိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၃ မှာ ရှိတယ်ဆိုတာ တွေ့ရပါတယ်။ … ပြီးခဲ့တဲ့ နှစ်များမှာ ၁၄၅၊ ၁၄၄၊ ၁၄၃ စသည်ဖြင့် တွေ့ရတော့ ဂဏန်းအရပြောရရင် တစ်ဆင့်စီ လောက်တော့ တက်နေတယ်။ … တကယ်လွတ်လပ်ခွင့် အခြေအနေများသည်လည်း အဲဒီနေရာလောက်မှာ တန့်နေတယ်လို့ ပြောလို့ရတယ်လို့ ကျွန်တော်မြင်ပါတယ်။’’ လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ဒီနေ့ ရန်ကုန်မှာ ကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခန်းအနားမှာ ပြောကြားပါတယ်။
မြန်မာစာနယ်ဇင်းလွတ်လပ်ခွင့် တိုးတက်ရေးအတွက် တခြားသတင်းသမားများနှင့်အတူ အလေးအနက် ဆောင်ရွက်သွားမယ်လို့လည်း ဒေါက်တာဖေမြင့်က ကတိပြုခဲ့ပါတယ်။
#သတင်းလွတ်လပ်ခွင့် #pressfreedom #press #media #ဘီဘီစီမြန်မာပိုင်း
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, May 3, 2016
မြန်မာသတင်းလွတ်လပ်ခွင့် တန့်နေတယ်လို့ ၀န်ကြီးပြော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment