Wednesday, May 18, 2016

ပိတ်ဆို့အရေးယူမှုများမှာ ကြီးမားသည့် ပြသ၁နာ မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို --- --- ---

ပိတ်ဆို့အရေးယူမှုများမှာ ကြီးမားသည့် ပြသ၁နာ မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို
--- --- ---

အမေရိကန်နိုင်ငံမှာ ပိတ်ဆို့ အရေးယူမှုတချို့ကို လျှော့ချပေးပြီး တပ်မတော်နှင့် ဆက်စပ်နေသည့် လုပ်ငန်းများ အပါအ၀င် တစ်ဦးချင်စီနှင့် သက်ဆိုင်သည့် လုပ်ငန်းအချို့ကို ဆက်လက် သက်တမ်းတိုး ပိတ်ဆို့အရေးယူခဲ့မှုမှာ မြန်မာနိုင်ငံအတွက် ကြီးမားသည့် ပြသ၁နာမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“တိကျတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ချမှတ်ခဲ့တာ ဖြစ်ပါ တယ်။ ဒီအကြောင်း ပြချက်တွေကလည်း တစ်ချိန်မှာ ဖယ်ရှားသွားပါလိမ့်မယ်။ အရေးယူ ပိတ်ဆို့မှုတွေက ကြီးမားတဲ့ပြသ၁နာတစ်ခု မဟုတ်ပါဘူး။ ကျွန်မတို့ကိုလည်း ထိခိုက်နစ်နာစေမှာ မဟုတ်ပါဘူး” ဟု ယနေ့မနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းမှုတွင် ပြောဆိုသည်။

အမေရိကန်နိုင်ငံမှ လတ်တလော ထုတ်ပြန်လိုက်သည့် ပိတ်ဆို့ အရေးယူမှုဆိုင်ရာ စာရင်းတွင် အစိုးရလုပ်ငန်းအချို့နှင့် ဘဏ်အချို့မှာ လွတ်ကင်းခွင့် ရသွားသော်လည်း တပ်မတော်ပိုင် လုပ်ငန်းများနှင့် ဦးလော်စစ်ဟန်သားဖြစ်သူ ဦးထွန်းမြင့်နိုင် ဦးဆောင်နေသည့် ကုမ္ပဏီများမှာ ပိတ်ဆို့ အရေးယူမှုခံခဲ့ရသည်။

“ကျွန်မတို့မှာ အင်အားရှိပါ တယ်။ ဒါကြောင့် ခုချိန်မှာ ရှိလာနိုင်မယ့် အခက်အခဲ မှန်သမျှကို ကျော်လွှား သွားနိုင်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်သို့ ရောက်ရှိနေသည့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အနေဖြင့် ယနေ့မနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့ပြီး ပညာရေးဝန်ကြီးနှင့်ပါ တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးက သတင်းထုတ်ပြန်ထားသည်။

The Ladies News



No comments: