ဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်ခံရနိုင်သည်ဟု သတိပေးထားသော ရခိုင်ပြည်နယ်သို့ လူကယ်ပြန် ဝန်ကြီး ရောက်ရှိနေကြောင်း သတင်းရရှိသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံး သို့ ရောက်ရှိနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေး
ပြုလုပ်နေကြောင်း သတင်းရရှိသည်။
မည်သည့်အကြောင်းကြောင့် လာရောက်သည်ကို အသေးစိတ်မ သိရသေးကြောင်းရခိုင်ပြည်နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာနမှ သတင်းရရှိသည်။
ယနေ့နေလည် ခန့်မှန်းချက်အရ မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ့်နိင်ငံကမ်းခြေ ကို မေလ ၂၁ရက်တွင် ဝင်ရောက်နိုင်သော်လည်း မုန်တိုင်း၏ အားကောင်းသော ညာဖက်အခြမ်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း (ဘူးသီးတောင်
-မောင်တောဒေသ)ကို ဖြတ်သန်းနိုင်သောကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် မိုးသည်းထန်စွာ ရွာနိုင်ပြီး လှိုင်းနှင့်လေပါ ပြင်းထန်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်း တစ်နာရီ မိုင်(၄၀ -၅၀)ခန့် နဲ့ လှိုင်းအမြင့် (၁၀-၁၄)ပေခန့်ရှိနှိုင်ပြီး မုန်တိုင်းဒီရေ (၁-၂)ပေခန့်သာတက်နှိုင်ကြောင်း ဒေါက်တာထွန်းလွင်ကခန့်မှန်းထားသည်။
ဘူသီးတောင်နှင့် မောင်တောမြို့နယ်၌ ယနေ့ နံနက်ပိုင်း ရာသီဥတုအခြေအနေမှာ လှိုင်းနှင့်လေ ပုံမှန်ထက် အနည်းငယ်ပိုပြင်းထန်နေသော်လည်း အခြေအနေ တည်ငြိမ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ အောက်ပိုင်းနှင့်တောင်ပိုင်းဒေသများဖြစ်သည့် တနင်္သာရီ ဧရာဝတီ ရန်ကုန် ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် မွန်ပြည်နယ်တို့တွင် ယနေ့နေ့လည် ပိုင်း၌ နေရာကွက် မိုးရွာနေကာ ဒေသအများစု မိုးအုံ့နေကြောင်း သတင်းရရှိသည်။

မြေပုံ - ဒေါက်တာထွန်းလွင်
No comments:
Post a Comment