ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၌ သတင်းအချက်အလက်နှင့် စုံစမ်းရေးစင်တာ
(Information and Reception Centre) များကို အများဆုံးငါးခုအထိ
ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဆေးလူမှုဆက်ဆံ
ရေးဌာန အရာရှိဦးထွန်းလင်းက ပြောသည်။
ရန်ကုန် ဆေးရုံကြီး၌ သတင်းအချက်လက်နှင့် စုံစမ်း ရေးစင်တာကို ၂၀၁၄ သြဂုတ် တွင် အရေးပေါ်ဌာနနှင့် ပြင်ပ လူနာဌာန၌ တစ်ခုဖွင့်ခဲ့ပြီး ၂၀၁၅ တွင်အရေးပေါ်ဌာနနှင့် ပြင်ပလူနာဌာနကို သီးခြားစီခွဲထုတ်ခဲ့၍ သတင်း အချက်အလက်နှင့် စုံစမ်းရေးစင်တာနှစ်ခု ဖွင့်ခဲ့ပြီးဖြစ်ကြောင်း ဦးထွန်းလင်းက ပြောကြားသည်။
‘‘အခု ၂၀၁၆ မှာတော့ နောက်ထပ်စင်တာတွေ ထပ်ဖွင့်ဖို့ လုပ်နေတယ်။ နေရာငါးခုမှာ ဖွင့် ဖို့မှန်းထားတယ်။ လက်ရှိ အရေး ပေါ်ဌာနမှာ တစ်ခု၊ ပြင်ပလူနာ ဌာနမှာ တစ်ခု ဖွင့်ထားပြီးဖြစ် တယ်။ နောက်ထပ် ဖွင့်မယ့်နေရာ တွေက ဆေးရုံကြီးရဲ့ အဓိကဝင် ပေါက်နေရာနဲ့ ဦးနှောက်နှင့်အာရုံ ကြောဌာနနေရာကိုတော့ ရွေး ထားပြီးပြီ။ နောက်ထပ် တစ်နေ ရာကိုတော့ လိုအပ်တဲ့နေရာမှာ ရွေးပြီးဖွင့်မယ်’’ဟု ဦးထွန်းလင်း ကဆိုသည်။
အဆိုပါစင်တာများကို ဆေးလူမှု ဆက်ဆံရေးဌာနက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး စင်တာတစ်ခု၌ ဆေးလူမှု ဆက်ဆံရေး ဝန်ထမ်းနှစ်ဦးထားရန်ရည်ရွယ်ထားကာ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာန၌ အရာရှိ သုံးဦးနှင့် ဆေးလူမှုဆက်ဆံရေးမှူး ကိုးဦး တာဝန် ထမ်းဆောင်နေကြောင်း သိရသည်။
‘‘ဆရာတို့ဆီမှာ ဆေးလူမှု ဆက်ဆံရေး ဝန်ထမ်းအားလုံး ပေါင်း ၁၂ ဦးရှိတယ်။ နေ့စားဝန် ထမ်းသုံးဦးရှိတယ်။ စင်တာတွေ ထပ်ဖွင့်လာရင် နေ့စားဝန်ထမ်း အင်အား ထပ်လိုမယ်။ နေပြည် တော်ကနေ နေ့စားဝန်ထမ်းတွေ ထပ်ချပေးမယ်ပြောတယ်။ ချပေး တဲ့ဝန်ထမ်းတွေကို သင်တန်းတွေ ပေးရမယ်။ လူနာနဲ့ လူနာရှင် အတွက် ဒီလိုစင်တာတွေ ဖွင့်ပေး တာ အရမ်းကောင်းတာပေါ့။ သူတို့နားမလည်တာတွေကို လာ မေးလို့ရတယ်။ စင်တာက ဝန် ထမ်းတွေက တတ်နိုင်သမျှ ရှင်းပြ ပေးမယ်’’ဟု ဆေးလူမှုဆက်ဆံ ရေးအရာရှိ ဦးထွန်းလင်းက ပြော သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၏ ရက် ၁၀၀ စီမံချက် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ တွင် ရောဂါကူးစက်ထိန်းချုပ်ခြင်း၊ ဂိုက်လိုင်းများရေးဆွဲခြင်း၊ သတင်းအချက်အလက်နှင့် စုံစမ်းရေးစင် တာများ ဖွင့်လှစ်ခြင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်းလူနာတင် ယာဉ်ပို့ဆောင်မှုစနစ် ကောင်းမွန်စေရန် ဦးစားပေး ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကို က 7Day Daily အားပြောသည်။

No comments:
Post a Comment