မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, May 15, 2016
ကောလင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပြီး သစ်ပင်ပိမိ၍ လူတစ်ဦးသေဆုံး
ကောလင်း မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၌ မေ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် လေပြင်းများ တိုက်ခတ်ပြီး မြို့နယ် သစ်တောဦးစီးဌာန ရုံးဝင်းအတွင်းရှိ စိန်ပန်းပင်လဲကျမှုကြောင့် လမ်းတွင် စက်ဘီးစီး၍ သွားလာနေသော မြောက်အင်းရပ်ကွက်နေ ဦးလှဖေ အသက် (၇၇)နှစ် သည် နေရာတွင်ပင် ပွဲချင်းပြီး သေးဆုံးခဲ့သည်။
ပြိုလဲပျက်စီးကျိုးကျခဲ့သော သစ်ပင်သစ်ကိုင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများက စုပေါင်းရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
Subscribe to:
Post Comments (Atom)



No comments:
Post a Comment