လွန်ခဲ့သည့်နှစ်များက မ၀ယ်ယူခဲ့သည့် အရန်ဆန် အစိုးရသစ်လက်ထက်ဝယ်ယူရန် စီမံကိန်းစတင်ရေးဆွဲ
------ ------ ------ ------ ------
လွန်ခဲ့သည့် သုံးနှစ်ခန့်ကစ၍မ၀ယ် ယူဖြစ်ခဲ့သည့် အရန်ဆန်အား ယခုနှစ်မှတင်၍ ၀ယ်ယူရန် စီမံကိန်း စတင်ရေးဆွဲနေပြီဟု စီးပွားရေးကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်လွင်က မေ ၁၉ တွင် ပြောသည်။
ယင်းနှင့်ပတ်သက်၍ ''၀ယ်ဖို့အစီ အစဉ်တော့ရှိတယ်။ သို့သော် ဈေးနှုန်း အနေအထားအရ ၀ယ်လို့ ရနိုင်မရနိုင်က မသိသေးဘူး။ အရေးပေါ်လိုအပ်လာရင် သုံးဖို့ဝယ်ရအောင် အစီအစဉ်တွေလုပ်နေတယ်''ဟု ညွှန်ကြာရေးမှူးဦးမြင့်လွင်က ပြောသည်။ နိုင်ငံတော်မှ အရန်ဆန်ဝယ် ယူနိုင်ရေးအတွက် စီမံကိန်းများ စတင် ရေးဆွဲနေပြီး လတ်တလော ငွေကြေးလိုအပ်ချက်များရှိနေကာ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရလျှင် ၀ယ်ယူ တော့မည်ဟုဆို သည်။လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ၍ နိုင်ငံတကာမှ အရန်ဆန်ဝယ်ယူထားခြင်းမရှိသည့်အတွက် ယမန်နှစ်က တိုင်းနှင့်ပြည် နယ်နေရာအနှံ့အပြား၌ ရေကြီးသောအခါ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်ဟုဆို သည်။ ''အရန်ဆန်က ဒီလိုပါ။ ဆန်စပါး အသင်းချုပ်က အရေးပေါ်အခြေအနေအရ ဖြစ်လာရင် ထုတ်ပေးနိုင်တဲ့ အနေအထားရှိတယ်။ မနှစ်က အခြေအနေဖြစ်လာတဲ့အခါ ဆန်စပါးကုန်သည်အသင်းက လိုအပ်တဲ့နေရာတွေကို ပို့ပေးတယ်။ ကျွန်တော်တို့အပိုင်းက သယ်ယူပို့ဆောင်ရေးကိစ္စတွေ ဥပမာ ကလေး ဆိုရင် ကလေးထိမရောက်ဘူး။ ကလေးဝထိရောက်တယ်။ အဲဒါမျိုးဆို ကလေးအထိ ယာဉ်တို့၊ လူတို့နဲ့ အစိုးရပိုင်းက ပို့ပေးတယ်။ အဲဒီလို အရင်နှစ်က နိုင်ငံတော်က မ၀ယ်ခဲ့ဘူးဆိုပေမယ့် ဒီနှစ် ဆန်စပါး ကုန်သည်အသင်းတို့နဲ့ဆွေးနွေးပြီး ၀ယ်ဖို့အစီစဉ်ဆွဲနေတယ်''ဟု ပြောကြားခဲ့သည်။
အစိုးရသစ်မှ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းအား အကြံပြုလွှာများ တောင်းခံထားကြောင်းကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ''စီးပွားကူးသန်းက ၀ယ်မယ်။ အခု လောလောဆယ် စီမံချက်ရေးဆွဲနေတယ်။ အသေးစိတ် ဘယ်လို ၀ယ်မယ်၊ ဘယ်လောက်ဝယ်မယ်၊ ဘယ်ဈေးလဲ အဲဒီအတွက် လုပ်ငန်းကော်မတီ ဖွဲ့မယ်၊ လုပ်ငန်းကော်မတီက ဆုံးဖြတ်မယ်။ သေချာတာကတော့ အရန်ဆန်ဝယ်မယ်။ ကျွန်တော်တို့အသင်းကိုလည်း အကြံပြုထားတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့ရင် အရန်ဆန်ရှိထားတာက ကောင်းမယ်လေ''ဟု ပြောသည်။
ကိုခက်
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, May 21, 2016
လွန်ခဲ့သည့်နှစ်များက မ၀ယ်ယူခဲ့သည့် အရန်ဆန် အစိုးရသစ်လက်ထက်ဝယ်ယူရန် စီမံကိန်းစတင်ရေးဆွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment