Friday, May 6, 2016

ပြည်ခိုင်ဖြိုးပါတီညီလာခံတွင် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်မည်ဟုဆို

ပြည်ခိုင်ဖြိုးပါတီညီလာခံတွင် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်မည်ဟုဆို Friday, May 6, 2016 လာမည့် ဩဂုတ်အတွင်း နေပြည်တော်ရှိ ပါတီဌာနချုပ် တွင် ကျင်းပမည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုညီလာခံ၌ ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် များအား ပြန်လည်ရွေးချယ်ဖွဲ့ စည်းမည်ဖြစ်ကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းက ပြောသည်။ နေပြည်တော်ရှိ ပါတီဌာန ချုပ်ရုံးတွင် ဩဂုတ်အတွင်း ပြု လုပ်မည့် ပါတီဗဟိုညီလာခံသည် ပါတီကို ပြုပြင်ပြောင်းလဲမှုပြုလုပ် မည့် ညီလာခံဖြစ်ကာ ပါတီဗဟို ကော်မတီဝင်များ၊ ဗဟိုအလုပ်အ မှုဆောင်များ၊ အဖွဲ့ဝင်များ၊ ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးရာထူးများကို ပြန် လည်ရွေးချယ်မည်ဟု ဦးသာဝင်း က ပြောကြားသည်။ ‘‘အခုတော့ အောက်ခြေရပ် ကျေး မျက်နှာစုံညီအစည်းအဝေး တွေကို စလုပ်နေတယ်။ မေလအ တွင်း တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ရပ်ကျေးညီလာခံတွေကို ပြီး အောင် လုပ်ရမှာ’’ဟု ဦးသာဝင်း က ပြောသည်။ ဗဟိုအဆင့် ညီလာခံ မကျင်းပမီ မေလအတွင်း ရပ်ကွက်၊ ကျေးရွာအဆင့် ညီလာခံများကို အပြီးကျင်းပကာ ဇွန်လတွင် မြို့နယ်အဆင့်ညီလာခံများနှင့် ဇူလိုင်အတွင်းခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ညီလာခံများကို ပြည်ခိုင်ဖြိုး ပါတီက ဆက်တိုက်အပြီးကျင်းပရန် လျာထားခြင်းဖြစ်သည်။ အဆိုပါညီလာခံအစည်းအ ဝေးများမှတစ်ဆင့် ဗဟိုအဆင့် ညီလာခံသို့ တက်ရောက်သည့် ကိုယ်စားလှယ်များကို အဆင့် ဆင့်ရွေးချယ်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်အချို့ထံမှ သိရသည်။ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌမှာ သမ္မတဟောင်းဦးသိန်း စိန်ဖြစ်ပြီး အထွေထွေအတွင်းရေး မှူးအဖြစ် ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးတင်နိုင်သိန်းက တာဝန်ယူထားသည့် ၂၀၁၅ ဩဂုတ် အတွင်းက ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီက ပြန်လည်ဖွဲ့စည်းထားသည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်ကြောင်း ပါတီ၏ အခြေခံဖွဲ့စည်းပုံစည်းမျဉ်းတွင် ပါဝင်ကာ ပြီးခဲ့သည့် ၂၀၁၂ က ပါတီညီလာခံ ကျင်းပပြုလုပ် ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ အထွေ ထွေရွေးကောက်ပွဲတွင် အနိုင်ရ ကာ အစိုးရဖွဲ့နိုင်ခဲ့သော ပြည်ခိုင် ဖြိုးပါတီသည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ် ပြိုင်သော ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့၌ ရှုံးနိမ့်ခဲ့ သည်။ 7Day Daily

No comments: