Monday, March 21, 2016

ဆယ်လီနာနဲ့ ဇက်အက်ဖရွန်တို့ အပြိုင်လန်းကြမယ့် Neighbors 2

ဒီဇာတ်ကားက Neighbors ဇာတ်ကားရဲ့အဆက်ပါ။
play

ပထမကားကလိုပဲ Mac Radner (Seth Rogen) နဲ့ Kelly Radner (Rose Byrne) တို့လင်မယားနှစ်ယောက်ရဲ့အိမ်ဘေးကို မိန်းကလေးအဆောင်အဖြစ် ခပ်ချောချော ကောင်မလေးတွေပြောင်းလာကြပါတယ်။ ဒီဇာတ်ကားမှာ ဆယ်လီနာဂိုးမက်ကတော့ မိန်းကလေးအဆောင်ရဲ့အဆောင်မှူးအဖြစ်ပါဝင်ကာ မင်းသမီးချောလေး ကိုးလ်ဂရေ့စ်မော်ရက်ဇ် ကလည်း ခပ်ဆိုးဆိုးခပ်ကဲကဲ အဆောင်နေမိန်းကလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
play
ပထမဇာတ်ကားမှာ ယောကျာ်းလေးအဆောင်ပြောင်းလာတုန်းကလို ပြဿနာတွေ၊ ဟာသတွေ၊ ပါတီတွေ၊ မိုက်ရူးရဲဆန်ဆန်ကဲကြတာတွေကို မိန်းကလေးဗားရှင်းနဲ့ အခု Neighbors 2 : Sorority Rising ဇာတ်ကားမှာ တွေ့မြင်ကြရတော့မှာပါ။ အဖော်အချွတ်တွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ စကားအပြောအဆိုတွေကတော့ ပထမကားကလိုပဲ ကြမ်းဦးမယ့်သဘောရှိပါတယ်။
play

play

အနုပညာလောကထဲမှာ အခုနောက်ပိုင်း ဆက်စီကျသထက်ကျလာတဲ့ ဆယ်လီနာကို နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲ ဆက်စီမင်းသားချော ဇက်အက်ဖရွန်နဲ့အတူတွဲမြင်ကြရမှာကတော့ စိတ်လှုပ်ရှားစရာပါပဲ။ သူတို့နှစ်ယောက် ဘယ်လိုတွေအပြိုင်ဆက်စီကျပြီး ပရိသတ်ကိုစွဲဆောင်သွားမလဲဆိုတာတော့ စောင့်ကြည့်ကြရဦးမှာပါ။
Source : IMDb

No comments: