Monday, March 21, 2016

အတွင်းခံပေါ်အောင်ဝတ်တဲ့ စူပါမော်ဒယ် အီဗာလောင်ဂိုးရီးယား

ဘယ်လာသွန်းနဲ့ အစ်စ်လာဖစ်ရှားတို့လည်း အတူပါဝင်ခဲ့ပါတယ်။
play

အီဗာလောင်ဂိုးရီးယားရဲ့ ဝတ်စုံကြောင့် သူမအသက် ၄၀ ဆိုတာ ယုံဖို့ခက်ခဲသွားမှာပါ။ အတွင်းသားတွေ မြင်နေရတဲ့ ဝတ်စုံက သူမရဲ့နုပျိုမှုကို ပြသရာလည်းရောက်ပါတယ်။
VVV မဂ္ဂဇင်းအတွက် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံထဲမှာ အီဗာက အနက်ရောင် ဇကာကွက်အင်္ကျီကို ဝတ်ဆင်ထားပြီး အထဲကို မြင်နေရပါတယ်။ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်နေတဲ့ ဝတ်စုံကြောင့်ပဲ ကိုယ်ခန္ဓာတောင့်တင်းမှုက ပိုမိုသိသာစေပါတယ်။
play

နွေရာသီအထူးထုတ် မဂ္ဂဇင်းမှာ အီဗာနဲ့အတူ ဘယ်လာသွန်းနဲ့ အစ်စ်လာဖစ်ရှားတို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လာသွန်းက သားမွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးနဲ့နှုတ်ခမ်းတွေနဲ့ ညှို့နေသယောင်ပါပဲ။
play

အစ်စ်လာဖစ်ရှားကတော့ တည်ငြိမ်ကျော့ရှင်းတဲ့အလှနဲ့ မြင်ရပါတယ်။
Source : VVV

No comments: