၅၀၀မီဂါဝပ် ရမ္မဇူကျောက်မီးသွေး စီမံကိန်း
======================
၃..၃..၁၆
-
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်လောင်းလုံးမြို့နယ်မှာရှိတဲ့
သကျက်တောကျေးရွာနဲ့၅မိုင်လောက်သာဝေး တဲ့ ရမ္မဇူကျေးရွာမှာ
တည်ဆောက်မယ့်၅၀၀ မီဂါဝပ် ကျောက်မီးသွေးစက်ရုံစီမံကိန်းဟာ သကျက်တောကျေးရွာရဲ့ အနောက်ဘက်ပင်လယ်နဲ့ကပ်နေတဲ့
ရမ္မဇူရွာမှာတည်ဆောက်ဖို့ရှိနေပါတယ် ။
-
အဲဒီစီမံကိန်းကို၂၀၁၆ဖေဖော်ဝါရီနောက်ဆုံးအပတ်က MOUထိုးလိုက်ပြီ
လို့သိရပါတယ် အဲဒီမှာ ရမ္မဇူကျောက်မီးသွေးစီမံကိန်းနဲ့ ပက်သက်ပြီး
ဒေသခံများ ထောက်ခံကြောင်းဆိုထားပါတယ် ရမ္မဇူကျောက်မီးသွေး
စီမံကိန်းကို၂၀၁၅ခုနှစ်အစပိုင်းမှာပဲကျောက်မီးသွေးစက်ရုံအလိုမရှိကြောင်းကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ၂၀၁၅မှာပဲက Hour Mining Industry Co.Ltd နဲ့ဒေသခံများတွေ့ဆုံရှင်းလင်းပွဲကိုသကျက်တောကျေးရွာ
ဘုန်းကြီးကျောင်းမှာပြုလုပ်ခဲ့ကြပါတယ် သကျက်တော့ကျေးရွာအပြင် အနီးနားကျေးရွာများမှဒေသခံ ၅၀၀ကျော်တက်ရောက်ခဲ့ပြီး
Hour Mining Industry Co.Ltd ကုမ္ပဏီမှရရှိလာတဲ့လျှပ်စစ်ဓါတ်အား
ကိုဒီဒေသအတွက်သုံးစွဲပြီးပိုတဲ့ဓါတ်အားကိုကျတော့မြန်မာပြည်အထက်
ပိုင်းကိုပို့မှာဖြစ်ပြီးတခြားနိုင်ငံကိုရောင်းစားရန်မဟုတ်တဲ့အကြောင်း
ပြောပါတယ် အဲဒီကုမ္ပဏီမှတာဝန်ရှိသူတွေက ကိုးရီးယားပညာရှင်တွေ
လာရောက်ရှင်းလင်းအုံးမှာဖြစ်တဲ့အကြောင်းပြောနေစဉ်မှာပဲ တက်ရောက်
လာတဲ့ဒေသခံများမှဆန္ဒထုတ်ဖော်ကာထပြန်ခဲ့ကြပါတယ်။
-
အဲဒီမှာပဲ ကျောက်မီးသွေးစက်ရုံစီမံကိန်းရှင်းလင်းပွဲလည်းပျက်ခဲ့ပါတယ် အဲဒီအချိန်ကလျှပ်စစ်ဝန်ကြီးဦးဝင်အောင်လည်းလျှပ်စစ်စွမ်းအင်နဲ့ပက်သက်
ပြီးတက်ရောက်ဟောပြောခဲ့ပါတယ် ဒေသခံများမှကျောက်မီးသွေး
စက်ရုံတည်ဆောက်ခဲ့ရင် သူတို့ဘဝတွေအစစအရာရာလုံခြုံမှု
မရှိတော့မှာကိုစိုးရိမ်ကြောင်း မွေးဖွားရာဇာတိမြေမှာပဲအေးအေးချမ်းချမ်း
လုပ်ကိုင်စားသောက်လိုကြောင်း လျှပ်စစ်မီးမရှိလည်း အနေသား
ကျနေပြီဖြစ်ပြီး လမ်းတွေခင်းပေးမှာ လျှပ်စစ်မီးတွေရအောင်
လုပ်ပေးမှာဆိုတာက အစိုးရနဲ့သာဆိုင်တယ် ။
-
ကျမတို့ကိုအစိုးရကလုပ်ပေးရမယ့်တာဝန်ရှိတယ်လို့ဆိုပါတယ်
ကျနော်တို့ကစွန့်ပစ်ပစ္စည်းတွေထွက်လာရင်ဘယ်နားသွားပစ်မှာလဲလို့
မေးတော့ မဖြေဘူး ။
သူတို့ကအဆင့်မြင့်နည်းပညာတွေသုံးမှာဖြစ်တဲ့အတွက်စိုးရိမ်စရာ
မလိုဘူးလို့ပြောတယ်ဗျ ။စွန့်ပစ်ရေတွေကိုငါးမွေးကန်လုပ်ပြီး
တော့ငါးမွေးထားမယ်လို့ပြောတယ် ပြီးတော့ဆိုးကျိုးမရှိပါဘူးလို့ပြောတယ်
-
သန့်စင်ကျောက်မီးသွေကိုပဲသုံးမှာဆိုတော့ ကျနော်တို့ကမယုံဘူး ယုံစရာလဲမရှိဘူး သန့်စင်ကျောက်မီးသွေးဆိုတာလဲမကြားဖူးဘူး ဒီကျောက်မီးသွေးစက်ရုံကိုအလိုမရှိဘူး အဲဒါကိုဒေသခံများ
ထောက်ခံပါတယ်ဆိုပြီးMOUထိုးလိုက်တာတော့မကောင်းဘူးပေါ့ဗျာ
သိက္ခာရှိတဲ့ကုမ္ပဏီဆိုရင်ဒေသခံတွေအတွက်ထည့်စဉ်းစားပေးမှာပေါ့ အခုကကျနော်တို့ဒေသခံတွေအလိမ်ခံရတာဖြစ်တယ်လို့သကျက်
တောကျေးရွာမှဒေသခံတစ်ဦးကဆိုပါတယ် ။
-
၎င်းစီမံကိန်းကိုအမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ရင်းနှီးမြှပ်နှံ
ရန်လျငာထားကြောင်းသိရပြီးမြန်မာကုမ္ပဏီနှင့်ကိုးရီယားကုမ္ပဏီ
နှစ်ခုပေါင်းပြီးတည်ဆောက်မှာဖြစ်ကြောင်းသိရပါတယ်
==============
Waiphyo Waiphyo
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, March 3, 2016
၅၀၀မီဂါဝပ် ရမ္မဇူကျောက်မီးသွေး စီမံကိန်း ======================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment