Thursday, March 3, 2016

KIA အဖွဲ့မှ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား ရိက္ခာနှင့်ဆက်ကြေးငွေများ ပေးဆောင်ရန် အမာခံ များမှတစ်ဆင့် ကောက်ခံ

KIA အဖွဲ့မှ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား ရိက္ခာနှင့်ဆက်ကြေးငွေများ ပေးဆောင်ရန် အမာခံ များမှတစ်ဆင့် ကောက်ခံ

2.3.2016

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား ရိက္ခာနှင့်ဆက်ကြေးငွေ များ ပေးဆောင်ရန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် KIA အဖွဲ့မှ အမာခံများစေလွှတ်၍ ကောက်ခံခိုင်းခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာသို့ KIA အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၁ စု လျှင် စပါး ၁ တင်းခွဲ၊ ဆား ၂ ပိဿာနှင့် ဆက်ကြေးငွေ ၅၀၀၀ ကျပ်တို့အား ဧပြီလပထမပတ် နောက်ဆုံး ထား၍ ဂါရှရားတိုက်နယ်ရုံးသို့ လာရောက်ပေးဆောင်ရန် အမာခံများစေလွှတ်၍ ကောက်ခံခိုင်းခဲ့ကြောင်း တိန်ကောက်ရွာသားတစ်ဦးမှ ပြောပြသည်။

“ကျွန်တော်တို့ရွာကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာပြီး အိမ်ထောင်စုတွေကို ရိက္ခာနဲ့ဆက်ကြေးငွေ လာပေးဖို့ သူတို့ရဲ့အမာခံကနေ ပြောခိုင်းပါတယ်၊ ရွာမှာက အိမ်ထောင်စု ၂၀၀ ကျော်လောက်ရှိပါတယ်၊ ရွာကလူ အများစု ဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်ကြပါတယ်၊ ဈေးရောင်းတဲ့သူ၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူ၊ သစ်၊ ၀ါးခုတ်တဲ့ သူတွေ၊ ငါးရှာတဲ့သူတွေ အများကြီးရှိပါတယ်၊ ၀မ်းစာအတွက်တောင် အနိုင်နိုင်ရှာဖွေစားသောက် နေကြရ တာပါ၊ သူတို့တောင်းတဲ့ ရိက္ခာနဲ့ဆက်ကြေးငွေကို လူတိုင်းကမပေးနိုင်ကြဘူးလေ၊ အိမ်ထောင်စု ၈၀ လောက် ကတော့ သူတို့တောင်းတဲ့ ရိက္ခာနဲ့ဆက်ကြေးငွေကို ကယ်ရီဆိုင်ကယ်တွေနဲ့ သွားပေးကြပါတယ်၊ ကျန်တဲ့ အိမ်ထောင်စုတွေကတော့ လောလောဆယ် မပေးနိုင်ကြသေးပါဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း သူတို့ တောင်း တဲ့ ရိက္ခာနဲ့ဆက်ကြေးငွေကို မပေးနိုင်သေးလို့ ဘယ်အချိန်လာဖမ်းမလဲ၊ လာသတ်မလဲဆိုပြီး စိတ်သောက ရောက်နေရပါတယ် ” ဟု ၎င်းက ဆက်လက်ပြောပြခဲ့ပါသည်။

KIA အဖွဲ့သည် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ အိမ်ထောင်စုများထံမှ ရိက္ခာနဲ့ဆက်ကြေးငွေများ ကောက်ခံခြင်း၊ ကျေးရွာသားများအား လူသစ်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အစိုးရတပ်များ ၀င်ရောက်လာနိုင်သည့် ကျေးရွာများအနီးတစ်ဝိုက်တွင် မိုင်းထောင်ခြင်းများ ပြုလုပ်နေကြောင်း ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ပြောပြ ပါသည်။

နော်ဂျာ

No comments: