မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, March 3, 2016
အိမ်ဟောင်း ရေချိုးခန်းကို ပြင်ဆင်ရာမှာ လက်သမားများ ရွှေတုံးကြီးတွေ့ရှိ
#Also In News
အိမ်ဟောင်း ရေချိုးခန်းကို ပြင်ဆင်ရာမှာ လက်သမားများ ရွှေတုံးကြီးတွေ့ရှိ
------------------------------------------
ရှေးလူကြီးတွေဟာ တန်ဖိုးကြီးပစ္စည်းတွေကို ပရိဘောဂတွေထဲမှာ ထားလေ့ရှိရာမှာ နှောင်းလူတွေက မတော်တဆ တွေ့ရှိတဲ့ သတင်းတွေ ကြားရမှာပါ။
ခုလည်း ကနေဒါနိုင်ငံက အိမ်ဟောင်းတစ်လုံး ရေချိုးခန်းပြင်ရာမှာ နံရံထဲ ကနေ ရွှေတုံးကြီးတစ်တုံးကို လက်သမားဆရာတွေက တွေ့ရှိထားပါတယ်။
ပြီးခဲ့တဲ့ လလယ်လောက်ကာ အလစ်ဖ်ဘာဘူးနဲ့ သူ့အလုပ်သမား ဒင်းမာတီရီတို့ဟာ ရေချိုးခန်းဟောင်း အပျက်အစီးတွေကို ဖယ်လိုက်ပြီးတဲ့ အခါ အထဲကနေ ဆိုခဲ့ပါ တန်ဖိုးကြီးပစ္စည်းတွေကို ရတာဖြစ်ပါတယ်။
"ရွှေရောင်တောက်နေတဲ့ အရာတစ်ခုကိုတွေ့ရပြီး အဲဒါဟာ ကြေးပစ္စည်းလို့ ကျွန်တော်ထင်လိုက်ပါသေးတယ်"လို့ မာတီရီက ဆိုပါတယ်။
တစ်ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရွှေချောင်းပေါ်မှာ ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ အမှတ်စဉ်နံပါတ်တွေတောင် ထိုးထားတာတွေ့ရပါတယ်။
ရေချိုးဇလား နံရံနောက်မှာ ရွှေတုံးတွေ့ရတာ သိပ်ကိုဆန်းပါတယ်လို့ လက်သမားဆရာတွေက ပြောကြပါတယ်။
ဒီရွှေတုံးဟာ ဒေါ်လာငါးသောင်းကျော်တန်မယ်လို့ သိလိုက်ရပြီး လက်သမားဆရာတွေက အိမ်ရှင်ကိုစုံစမ်းပြီး ပြန်ပေးခဲ့ကြပါတယ်။
ရွှေချောင်းဟာ တန်ဖိုးကြီးတာမို့ လိုချင်ကြပေမယ့် ပြန်ပေးဖို့သာ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလိုပြန်ပေးခြင်းဟာ ကောင်းမွန်မှန်ကန်တဲ့ လုပ်ရပ်လို့ သူတို့က ခံယူကြပါတယ်။
အိမ်တွေပြင်ရင်း တန်ဖိုးကြီးတာတွေ တွေ့ရင် အမြဲပြန်ပေးလေ့ရှိပါတယ် မစ္စတာ ဘာဘူးက ပြောပါတယ်။
အိမ်ရှင်ဟာ ရွှေတုံးကို ယခင်က ရှာခဲ့ဖူးကြောင်း မတွေ့ခဲ့ရကြောင်း ပြန်ရ တဲ့အတွက် အလွန်ဝမ်းသာကြောင်း ပြောဆိုထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment