Thursday, March 3, 2016

ကုမ္ပဏီမြေစာသယ်ကားယာဉ်တိုက်မှုကြောင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ကုမ္ပဏီမြေစာသယ်ကားယာဉ်တိုက်မှုကြောင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ရေမဆေးကောက်ပြီးဆိုင်ကယ်ဖြင့်ပြန်လာသည့် လူငယ်နှစ်ဦးအား ယမန်နေ့ မတ်လ ၂ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် အောင်ဟိန်းမင်းကုမ္ပဏီ မြေဇာသယ်ကား ဖြင့် ယာဉ်တိုက်မှုဖြစ်သဖြင့် မောင်ဒေါင်ခေါင်း အသက် ၂၂နှစ် မှာ ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ခြေထောက်တွင်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

မော်မောင်းဘွမ်မှ မော်ဝမ်းကြီးသို့ ရေမဆေးကောက်ပြီးဆိုင်ကယ်ဖြင့်ပြန်လာစဉ် မြေစာသယ်ကားကြီး ဖြင့် နောက်မှ ဝင်တိုက်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ အောင်ဟိန်းမင်းကုမ္ပဏီဝင်းသို့ မောင်းပြေးသွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် မြေစာသယ်ယာဉ်ကြီးဖြင့် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားလျှက်ရှိသည်။

( kachinwavesnews )

No comments: