Monday, March 7, 2016

မန်းမူးယစ်အမှုယနေ့စတင်တရားစွဲ၊ သံသယရှိနေသူထဲမှလျှိုဇီရှောင်ထွက်ပြေးနေ =========================

မန်းမူးယစ်အမှုယနေ့စတင်တရားစွဲ၊
သံသယရှိနေသူထဲမှလျှိုဇီရှောင်ထွက်ပြေးနေ
=========================
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ မတ်လ၅ရက်နေ့မနေ့ကဖမ်းဆီးရမိခဲ့တဲ့မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး မသင်္ကာသူ ၄ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မတွေနဲ့ အဲဒီမြို့နယ်အပိုင်ရဲစခန်းမှာ ဒီနေ့ပဲတရားစွဲဆိုလိုက်ပြီလို့သိရပါတယ်။

တရားစွဲလိုက်တဲ့မသင်္ကာသူ ၄ ဦးဟာကျော်သူမင်း၊ ဖိုးချမ်း၊ အောင်နိုင် နဲ့ လျိုဇီရှောင်(ခ)ကျော်ကျော်(ခ)အိုက်ပေါင်း(ခ)တာကောတို့ဖြစ်ကြပြီး အဲဒီအထဲက လျိုဇီရှောင်ကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။ ။

ထွက်ပြေးလွတ်မြောက်နေသူကို သက်ဆိုင်ရာအာဏာပိုင်တွေပူးပေါင်းရှာဖွေနေတယ်လို့သိရပြီး ၄င်းတို့ ၄ ဦးစလုံးကို အမှတ် ၁၈ မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ထန်းနိန်ကတရားလိုလုပ်တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီရဲစခန်းက မယ(ပ) ၁၂/၂၀၁၆၊
မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁/၁၆(ခ) နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် ၆၁ လမ်း နဲ့ ၆၂ လမ်း ကြား၊ စံပြလမ်း နဲ့ မင်္ဂလာလမ်းကြား၊
ခြံဝင်းတစ်ခုအတွင်း ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ကွန်တိန်နာသေတ္တာအပြည့်မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရမိခဲ့ပါတယ်။

News by စောထွေး
ပေါ်ပြူလာ မှ

No comments: