Sunday, March 6, 2016

ကားပါကင်လျှောက်ထားပါကလျှောက်ထားသည့်ကားအမျိုးအစားနှင့်တင်သွင်းခွင့်ပါမစ်မှားယွင်းပါကပြန်လည်ပြင်ဆင်ပေးတော့မည်မဟုတ်

ကားပါကင်လျှောက်ထားပါကလျှောက်ထားသည့်ကားအမျိုးအစားနှင့်တင်သွင်းခွင့်ပါမစ်မှားယွင်းပါကပြန်လည်ပြင်ဆင်ပေးတော့မည်မဟုတ် Sunday, March 6, 2016 ကားပါကင်လျှောက်ထားပါက လျှောက်ထားသည့် ကား အမျိုးအစားနှင့် တင်သွင်းခွင့်ပါမစ် လျှောက်ထားသည့် ကားအမျိုးအစားမှားယွင်းပါက ပြန်လည်ပြင်ဆင်ပေး တော့မည်မဟုတ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကားပါကင်စိစစ်ထုတ်ပေးရေးအဖွဲ့မှ သိရ သည်။ အမှန်တကယ်အသုံးပြုရန်လျှောက်ထားခြင်းမဟုတ်ဘဲ ရန်ကုန်ကားဈေးကွက်တွင် ပြန်လည်ရောင်း ချရန်လျှောက်ထား၍ ကားပါကင်ထောက်ခံချက် ဈေးကွက်ဖြစ်နေခြင်း၊ လျှောက်ထားသည့်ကားနှင့် တင်သွင်း သည့်ကားများကွဲလွဲ၍တင်သွင်းမှု များမရှိအောင် ပြန်လည်ပြင်ဆင်ပေး သွားမည်မဟုတ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ကားပါကင်စိစစ်ထုတ်ပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''အရင် တုန်းကပြင်ပေးတယ်။အခုက ပွဲစား တွေက ဘယ်ကားကိုသွင်းမှာမှန်း မသိဘဲလျှောက်ထားတော့ ဝှစ်ကို လျှောက်ထားပြီးပရိုဘောက်သွင်းမယ့် သူကို ရောင်းတာတွေရှိလို့ ပြင်ဆင် ပေးမှာမဟုတ်တော့ပါဘူး။ တကယ် ကားပြောင်းစီးချင်လို့အထောက်အ ထားတွေနဲ့တင်ပြရင်တော့ ခွင့်ပြုပေး သွားမယ်'' ဟု ပြောသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၅ ခု နှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ကားပါကင်ရှိမှ ဖရီးပါမစ်ကားများကို တင်သွင်းခွင့်ပြုမည်ဟု အမိန့်ထုတ် ခဲ့ပြီး ဖရီးပါမစ်ကားများကိုတင်သွင်း ရန်အတွက်ရန်ကုန်တိုင်းဒေသကြီး ကားပါကင်စိစစ်ရေးအဖွဲ့အနေဖြင့် ကားပါကင်ထောက်ခံချက်များ ချ ထားပေးခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၂၀၁၅ ခုနှစ်အတွက် ကားပါကင် ထောက်ခံစောင်ရေ ၅၂၇၆၀ ကျော် ချထားပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ကားပါကင်စိ စစ်ထုတ်ပေးရေးအဖွဲ့မှ သိရသည်။ ရန်ကုန်ကားဈေးကွက်တွင်ကား ပါကင်ထောက်ခံချက်တစ်စောင် လျှင် ကျပ်ငါးသိန်းထိပေါက်ဈေးရှိ ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။ ACKK #Democracytoday

No comments: