Monday, March 7, 2016

နှစ်လအတွင်း တရုတ်ကို မြန်မာအမျိုးသမီး ၅၀ ကျော် ရောင်းစားခံခဲ့ရ ============

နှစ်လအတွင်း တရုတ်ကို မြန်မာအမျိုးသမီး ၅၀ ကျော် ရောင်းစားခံခဲ့ရ

===================

၂၀၁၆ ခုနှစ် အစ နှစ်လအတွင်းမှာပဲ မြန်မာအမျိုးသမီး ၅ဝ ကျော် လူကုန်ကူးခံခဲ့ရပြီး အများစုကတော့ တရုတ်နိုင်ငံကို ဇနီးမယားအနေနဲ့ ရောင်းစားခံခဲ့ရတာလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေထဲက ရှစ်ဦးကို ကယ်တင်ဖို့ ကျန်နေသေးတယ်လို့ သိရပြီး သက်ဆိုင်ရာနိုင်ငံတွေနဲ့  ပူးပေါင်းပြီး ကယ်တင်ဖို့ဆောင်ရွက်နေတယ်လို့  မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

''အမျိုးသမီး လူကုန်ကူးခံရတဲ့ အမှုတွေက တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ အမှုတွေများတယ်။ ရှမ်းပြည်နယ်က တရုတ်ပြည်နဲ့နီးတော့ အဲ့ဒီဘက်တွေက ပိုအဖြစ်များတယ်''လို့  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။

လူကုန်ကူးတာတွေဟာ ရှမ်းပြည်နယ်မှာ နှစ်လအတွင်း ၁၁ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့တာပါ။

လူကုန်ကူးမှုတွေ ကျူးလွန်တယ်လို့ ယူဆရတဲ့ အမျိုးသမီး၊အမျိုးသား စုစုပေါင်း ၃၈ ဦးကို ဖမ်းဆီးအရေးယူထားပြီး ၃၇ ဦးကတော့ လွတ်မြောက်နေတယ်လို့ သိရပါတယ်။

Source : Democracy Today

============

Duwun
Via..nurhad

No comments: