Monday, March 7, 2016

တရုတ်မှ မြစ်ဆုံကိစ္စ လျော်ကြေးစကား ပြောပြီ

တရုတ်မှ မြစ်ဆုံကိစ္စ လျော်ကြေးစကား ပြောပြီ

တရုတ် သံအမတ်မှ မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ရေး  နှစ်ဘက် ပြေလည်ရန် မြန်မာ အစိုးရသစ် နဲ့ ဆွေးနွေး ရန် ရှိပြီး သို့ မှသာ လျော်ကြေး ပေးရမယ့် အရေး ရှောင်ရှားနိုင်မှာ ဖြစ်တယ်လို့ သတင်းထောက်များအား သူ့ အိမိမှာ ခေါ် ပြော လိုက်ပါတယ်။

ရန် ကုန် မြို့ စွန်ဘက်မှ ဆေးရုံတရုံ ဆောက်လုပ်ပေးမှာ ဖြစ်တဲ့ အပြင် မြစ်ဆုံတ၀ိုက်ရှိ ဒေသခံ များရဲ့ လိုအပ်ချက်တွေကို အကုန် ဖြည့်ဆည်း ပေးမယ် လို့ ဆိုပါတယ်။

သူ အပြောအရ မြန်မာပြည်သည် မိုးတွင်း တွင် ရေ အလျံပါယ်ရနေပြီး နွေတွင် ရေရှားပါးလာခြင်းမှာ ရေ အရင်းအမြစ်ကို တရုတ်နိုင်ငံလို ကောင်းစွာ စီမံ မခန့် ခွဲတတ်၍ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ် သံအမတ် မေ့နေပုံရသည် အချက်က တရုတ် နိုင်ငံ အတွင်းရှိ မြစ် သုံးပုံတပုံသည် သောက်သုံးဘို့ နေနေသာသာ လက်ဖြင့် ထိလို့ ပင် မရအောင် အန္တာရယ် ရှိနေသည် ဆိုသည့် အချက်ပင်။

အကျယ်အ၀န်းအားဖြင့် ၁၇၃ စတုရန်းမိုင် ရှိမည့်  ဆည်ဆောက်ပြီး က ရေအား လျပ်စစ် စက်ရုံတည်ကာ  တနှစ်လျင် စုစုပေါင်း ကီလိုဝတ် သန်းပေါင်း   ၃၀ ဘီလီယံ ခန့် ထုတ်လုပ်နိုင်မယ် လျာထား ထားပြီး  မြန်မာ ပြည်မှ ပိုလျံ မှသာ  တရုတ် ပြည်သို့ ပြန်လည် တင်ပို့ ရောင်းချရမည့် စီမံကိန်း ဖြစ်ပါတယ်။ သို့သော် မြန်မာပြည်မှ ထွက်ရှိတဲ့ လျပ်စစ်ဓါတ်ကို ဖြန့် ဖြူးရန် ပါဝါ လိုင်း များ အဆင်သင့် မရှိသဖြင့် ယူနန် နယ်သို့ သာ အကုန်နီးပါး တင်ပို့ ရမယ့် အရေးကို တရုတ်က ကောင်းစွာ သိရှိ ထားပြီး ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ စတင်ချူ ပ်ဆိုခဲ့တဲ့ စာချူ ပ်အရ မြန်မာ ဘက်မှ တရုတ်ပြည်သို့ တင်ပို့ သမျ ကို အခွန် အကောက်ရမှာ ဖြစ်ပြီး ကမ္ဘာတွင် ၁၇ ခု မြောက် အကြီးဆုံး ဖြစ်မယ့် ဆည်ကြီးကို နှစ်  ၅၀ ကျော်က လုံးဝပိုင်ဆိုင် ဘို့ ရှိနေပါတယ်။

သို့သော် စစ်အစိုးရ ထည့်မတွက်ခဲ့သည့် အချက်က မြန်မာတို့ရဲ့ ယဉ်ကျေးမှု စတင် ထွန်းကားရာ ဧရာဝတီ မြစ်ကြီး တိမ်ကောနိုင်မယ့် အရေး နဲ့ အခြား မြစ်ရေကြီးမှု များ အပါအ၀င် လယ်ယာမြေများ တိမ်ကောပြီး သဘာဝ ပါတ်ဝန်းကျင် ပျက်စီးမယ့် အရေးပဲ ဖြစ်ပါတယ်။ ဒီ အရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တက်ကြွ လှုပ်ရှားသူများက အပြင်းအထန် ကန့် ကွက် ခဲ့ကြပြီး အခွင့်အရေးကို ချောင်းနေတဲ့ ဦးသိန်းစိန် အစိုးရ ကလည်း မြစ်ဆုံ စီမံကိန်းကို ဆိုင်းငံ့ပြစ်ခဲ့တဲ့ အတွက် ဦးသိန်းစိန် အဖို့ နိုင်ငံရေး အရ အမြတ်တွေ တပွေ့ တပိုက်ကြီး ပိုက်မိ သွားရတဲ့ အပြင် အနောက်အုပ်စု နဲ့ ပြန် ပေါင်းထုတ်ဘို့ လမ်းပွင့်သွားခဲ့ပါတယ်။

မြန်မာလျပ်စစ် ၀န်ကြီးဌာန၊ စတီဗင်လော ရဲ့ အေရှားဝါး ကုမ္ပဏီ  နဲ့ China Power Investment Corp. (CPI) နဲ့  ချူ ပ်ဆိုထားတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃.၈ ဘီလီယံ ကုန်ကျမယ့် စီမံကိန်းကို ကချင် ဒေသခံများက အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလမှာ ဗုံးပေါက်ကွဲမှုကြောင့် တရုတ်အလုပ်သမား ၄ ဦး သေဆုံးခဲ့ရတဲ့ အပြင် KIA နဲ့လည်း တိုက်ပွဲတွေ ကြို့ကြား ကြို့ ကြား စတင် ဖြစ်ပေါ် လာခဲ့ရပါတယ်။

ယခုအခါ  လသားမျ ပင် ရှိရှာ အုန်းမည့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကို ပွဲဦးထွက် စတင် အားစမ်းလာပြီ ဖြစ်သဖြင့် မိခင် ဧရာဝတီ ကို ကာကွယ်ရန် နိုင်ငံသား အားလုံးအတွက် သမိုင်းပေး တာဝန် ကြီး တရပ် ကျရောက်လာပြီ ဖြစ်ပါတယ်။

ဓါတ်ပုံ။  ။ Mizzima News

ကိုးကား။ ။ Mizzima News and other various news agencies

HSW

No comments: