မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, March 7, 2016
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မေးခွန်းလုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မသမာမှုကင်းစွာ ဖြေဆိုနိုင်ရေးတို့အတွက် လုံခြုံရေးအဆင့်ဆင့်ဖြင့် ဆောင်ရွက်သွားမည်
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မေးခွန်းလုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မသမာမှုကင်းစွာ
ဖြေဆိုနိုင်ရေးတို့အတွက် လုံခြုံရေးအဆင့်ဆင့်ဖြင့် ဆောင်ရွက်သွားမည်
Monday, March 7, 2016
တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် မေးခွန်းလုံခြုံရေး ၊ ကျောင်းသား၊ ကျောင်းသူများ အေး ချမ်းစွာဖြေဆို နိုင်ရေးနှင့် မသမာ မှု ကင်းစွာ ဖြေဆိုနိုင်ရေးတို့အတွက် လုံခြုံရေးအဆင့်ဆင့်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မတ် ၉ ရက်တွင် စတင်ဖြေဆို တော့မည့် တက္ကသိုလ်ဝင်တန်းစာမေး ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အနှောင့်အယှက် ကင်းစွာ၊ အေးချမ်း စွာ ဖြေဆိုနိုင်ရေးနှင့် မသမာမှုများ မဖြစ်ပေါ်စေရန်နှင့် မေးခွန်းလုံခြုံ ရေး တို့အတွက် လုံခြုံရေး အဆင့် ဆင့် ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး စာစစ် ဌာနများအနီးတွင်ရှိသော မိတ္တူဆိုင် များ၊ ကွန်ပျူတာဆိုင်များတွင် ကျောင်း သား၊ ကျောင်း သူများ ခိုးချ ရာတွင်အသုံးပြုသည့် စာရွက်စာ တမ်းများ လာရောက်ပြုလုပ်ခြင်းများ ကို ဆောင်ရွက်ပေးခြင်း မရှိစေရန် သတိပေးစောင့်ကြည့်မှုများကို ပြု လုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေ သကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ သိရသည်။
''မေးခွန်းလုံခြုံရေးအတွက် ရဲ စခန်းတွေရဲ့အကူအညီကို ရယူပြီး ဆောင်ရွက် မှာဖြစ်ပါတယ်။ မေးခွန်း လုံခြုံရေးအတွက် စီးပွားရေး ဘဏ် က ဝန်ထမ်း တစ်ဦး၊ ပညာရေးဝန် ထမ်းတစ်ဦး၊ ရဲဝန်ထမ်းတစ်ဦး တို့နဲ့ မေး ခွန်းတွေ ကို ထုတ်တာတွေ ကိုလုပ် ဆောင်မှာပါ။ စာစစ်ဌာနတွေ ရဲ့အ ပြင်မှာဆိုရင် ရဲ၊ မီးသတ်၊ ရပ်/ကျေး အုပ်ချုပ်ရေး၊ ကြက်ခြေနီတို့နဲ့ စာစစ် ဌာနပြင်ပလုံခြုံရေး ကို ဆောင်ရွက် မှာပါ။ စာစစ်ဌာနအတွင်းမှာဆိုရင် အိမ်သာစောင့်ရှိမယ်။ စာစစ်ဌာန အစောင့်ရှိမယ်။ ဂိတ်စောင့်တဲ့သူရှိ မယ်။ ပြီးရင် စာဖြေခန်း ရဲ့အပြင်မှာ နှစ်ခန်း ကို တစ်ဦးထားမယ်။ အတွင်း မှာ နှစ်ဦးထားမှာပါ။ မသမာမှု မလုပ် အောင် စာဖြေခန်းထဲ မဝင်ခင်မှာ ရှာဖွေ တာတွေ လုပ်ဆောင် မှာပါ။ မိတ္တူဆိုင်တွေမှာ ကျောင်းသားတွေ လာရောက် မိတ္တူဆွဲ တာတွေ လုပ် ရင်လည်း မလုပ်ပေးဖို့အ တွက်ပြော ထားတာမျိုးတွေရှိ ပါတယ်''ဟု ရခိုင် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြား ရေးမှူးဦး လှစိန်ထွန်း က မတ် ၆ ရက် တွင် ပြောသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ သည် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည့်အ တွက် ကျောင်းသား ၊ ကျောင်းသူများ သည် စာမေးပွဲမဖြေဆိုမီ နာရီဝက် ခန့်အလိုတွင်ရောက်ရှိနေရန်လိုအပ် ကြောင်း၊ နံနက် ၉ နာရီဆိုသည့်အချိန် သည် တိုင်းဒေသကြီးအချို့၌ ယာဉ် အသွားအလာ များသော အချိန်တစ် ခုဖြစ်သည့်အတွက် ကျောင်း သား၊ ကျောင်း သူများသည် သတ်မှတ်အ ချိန်ကို ရောက်ရှိစေရန်အတွက် မိမိ တို့နေအိမ်မှ ၁ နာရီခန့်ကြိုတင်ထွက် ရှိရန် လိုအပ်ကြောင်း စာမေးပွဲကာ လအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့် ယာဉ်အသွားအလာကျပ်တည်းသော နေရာများတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင် များကို နံနက် ရ နာရီမှစတင်တာဝန် ချထားပြီး ယာဉ်ကြောကျပ်တည်း မှု ပြဿ နာကို ဖြေရှင်းမည်ဖြစ် သည်။
''ကျွန်တော်တို့အနေနဲ့ မနက် ရ နာရီကနေစပြီးတော့ ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေကို စတင်ချထားသွား မှာပါ။ စာစစ်ဌာနငါးခုခြား ကို တစ် ဦးချထားပြီးတော့ လမ်းမတန်းတွေ မှာ တပ်ဖွဲ့ဝင်နှစ်ဦးချထားမယ်။ အ တွင်းလမ်းတွေဆိုရင် တစ်ဦးချထား သွားမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးအောင်ကြီးကလည်း ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် စာမေးပွဲဖြေ ဆိုနေသည့်အချိန်အ တွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေ ဆိုနိုင်ရေးအတွက် အသံချဲ့စက်များ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ မှ ဆောင်း ဘောက်စ် ဆူညံသံများမရှိစေရန် ရပ် ကွက်ရာအိမ်မှူးများ၊ ဆယ်အိမ်မှူး များမှ အဆင့်ဆင့်ညွှန်ကြားဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
''မလိုလားအပ်တာတွေ မဖြစ် ဖို့အတွက် ရပ်ကွက်အလိုက် တာဝန် ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူ တွေနဲ့ လုံခြုံရေးတွေကို ပူးပေါင်း ဆောင် ရွက်မှာဖြစ်ပါ တယ်။ မိတ္တူဆိုင်၊ ကွန်ပျူတာဆိုင်တွေ ကို စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ''ဟု ကလေးမြို့နယ် အထောက် အကူပြု ကော်မတီဝင် ဦးလှဝင်းကဆိုသည်။
မတ် ၉ ရက်တွင် စတင်ဖြေဆို မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် ကျောင်း သား၊ ကျောင်းသူ ခြောက် သိန်း ခုနစ်သောင်းကျော် ဝင်ရောက် ဖြေ ဆိုကြမည်ဖြစ်သည်။
ATK
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment