Monday, March 7, 2016

မန္တလေးတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးအရေအတွက်ကို စာရင်းထုတ်ပြန် ၊ ထွက်ပြေးလွတ်မြောက်နေသူကို ဖမ်းဆီးရ မိရန် ဆောင်ရွက်နေ

မန္တလေးတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးအရေအတွက်ကို စာရင်းထုတ်ပြန် ၊ ထွက်ပြေးလွတ်မြောက်နေသူကို ဖမ်းဆီးရ မိရန် ဆောင်ရွက်နေ Monday, March 7, 2016 မန္တလေးတိုင်းဒေ သကြီး ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက်၊ ၆၁ လမ်း၊ စံပြလမ်းနှင့် အောင်မင်္ဂလာလမ်းကြား နန-၁၀/၉ တွင် မတ် ၅ ရက် နံနက် ၁၀ နာရီခွဲ က ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေး ဝါးအရေအတွက်ကို အမှတ်(၁)မူး ယစ်တပ်ဖွဲ့ခွဲ (မန္တလေး)မှ မတ် ၆ ရက်တွင် စာရင်းထုတ်ပြန်ခဲ့ပြီး ထွက် ပြေးတိမ်းရှောင်နေသူကို ဖမ်းဆီးရ မိရေးဆောင်ရွက်နေကြောင်း သိရ သည်။ ''မနေ့က ဖမ်းမိတဲ့မူးယစ်ဆေး ဝါးတွေကို အဲဒီနေ့ညမှာ ချက်ချင်း ပဲရေတွက်စစ်ဆေးခဲ့ပါတယ်။ စစ် ဆေးတဲ့အခါမှာလည်း တိုင်းဒေသ ကြီး နယ်/လုံဝန်ကြီးနဲ့မန်းတိုင်းဒုရဲ မှူးတို့လာရောက်ကြပ်မတ်ခဲ့ ပါတယ်။ နောက်ကွင်းဆက်တရားခံကိုလည်း အမြန်ဆုံးဖမ်းဆီး ရမိရေးဆောင်ရွက် နေပါ တယ်''ဟု အမှတ်(၁) မူးယစ် တပ်ဖွဲ့ခွဲ(မန္တလေး) မှ တာဝန်ရှိသူတစ် ဦးကပြောသည်။ ယင်းနေ့က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ဆေးပြား ၆၇၀၇၈၀၀၊ ဘိန်းဖြူထုပ် ၄ရ ထုပ်၊ အိုက်စ် ၈၂ ကီလို၊ ဘိန်းဆီခဲ ၁၅ ကီလိုသုံးစွဲ ၂၀ ဂရမ်တို့ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ တရားခံများဖြစ်ကြသည့် ကျော် သူမင်း ၂၉ နှစ်(ယာဉ်နောက်လိုက်)၊ ဖိုးချမ်း ၂၅ နှစ်နှင့် အောင်နိုင် ၂၈ နှစ်( ယာဉ်မောင်း များ)တို့အား မယ (ပ)၁၂/၂၀၁၆၊ မူးစိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀(က)/၂၁/၁၆(ခ)တို့နှင့် အမှုဖွင့်အရေး ယူထားပြီး အဓိက တရားခံကျော်ကျော် (ခ) လျှိုဇီရှောင် (ခ)အိုက်ပေါင်း(ခ)တာကောမှာ ထွက် ပြေးတိမ်းရှောင်နေ သဖြင့် အမြန်ဆုံး ဖမ်းဆီးရမိရေးဆောင် ရွက်လျက် ရှိ ကြောင်း သိရသည်။ MTK #Democracytoday

No comments: