မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, March 1, 2016
ဖားကန့်ကျောက်စိမ်းတွင်းဒေသ ရေမဆေး ရှာဖွေသူ ၃၀၀ ကျော် ဆန္ဒပြမှု ပြေလည်မှုများရရှိ ------- -------- ----
ဖားကန့်ကျောက်စိမ်းတွင်းဒေသ ရေမဆေး ရှာဖွေသူ ၃၀၀ ကျော် ဆန္ဒပြမှု ပြေလည်မှုများရရှိ
------- -------- -------
ကျောက်မျက်ကုမ္ပဏီ ၅ ခုအား ဆန္ဒပြခဲ့သော ဒေသခံ ရေမဆေးကျောက် ရှာဖွေသူများအား ကျောက်မျက်ကုမ္ပဏီများက ဆန္ဒပြသည့် နေရာတွင် လာရောက် ညှိနှိုင်းခဲ့ခြင်းကြောင့် ပြေလည်မှုများ ရရှိခဲ့သည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင် ပါဝင်သူ တစ်ဦးက ပြောသည် ။
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရေမဆေးကျောက် ရှာဖွေသူ ၃၀၀ ခန့်မှ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၁ ။ မိုင်းခွဲမှုများ လျော့ချရေး ၂ ။ ရေမဆေးကျောက် ရှာဖွေသူ ဒေသခံများအား စစ်တပ် ၊ ရဲတပ်ရင်းများအား ဖမ်းဆီး နှိပ်စက်ခြင်းများ မပြုလုပ်ရန် ၃ ။ စပေါ့ကျေးရွာရှိ စာသင်ကျောင်း နောက်ကြောနှင့် မြန်မာသူရ ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်ကြားရှိ အန္တရာယ်ရှိသော နေအိမ် ၉ လုံးအား ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးပြီး ဖယ်ရှားပေးရန် စသည့် အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
“အဓိက ကျွန်တော်တို့ တောင်းဆိုတာက မိုင်းခွဲတာ လျော့ချရေးရယ် ၊ စစ်တပ်နဲ့ရဲခေါ်ပြီး ရေမဆေးတွေကို ဖမ်းဆီးနှိပ်စက် ခိုင်းတာတွေကို ကုမ္ပဏီတွေ မလုပ်ဖို့ တောင်းဆိုတာပါ ” ဟု စပေါ့ရွာသား ဦးဒွဲအောင်က ပြောသည် ။
လက်ရှိ ဖားကန့်ဒေသမှ ကျောက်မျက် ကုမ္ပဏီအများစုသည် ညနေ ထမင်းစားနားချိန်ဖြစ်သည့် ၄:၀၀ မှ ၆:၀၀ နာရီထိ ဒေသခံ ရေမဆေး ရှာဖွေသူများကို လုပ်ကွက်အတွင်း အချိန် ၂ နာရီမျှ လွတ်လပ်စွာ ရှာဖွေတူးယူခွင့် ပြုနေလျက်ရှိပြီး စပေါ့ချောင်းဖျား ကျေးရွာအနီးရှိ ကုမ္ပဏီ ၅ ခုအနေဖြင့်လည်း အများနည်းတူ ရှာဖွေခွင့်ပြုရန် တောင်းဆိုခဲ့သည်ဟု သိရသည် ။
ထိုကုမ္ပဏီများထဲမှ မြန်မာသူရ ကုမ္ပဏီမှ တာဝန်ခံ ဦးခင်မောင်စိုးက “ကျွန်တော်တို့က ထမင်းစားနားတဲ့ အချိန် ညနေ ၄:၀၀ မှ ၆:၀၀ ထိ လွတ်လပ်စွာ ဝင်ရောက်တူးဖော် ရှာဖွေခွင့် ပြုထားပါတယ် ။ အရင်ကလည်း ပြုတယ် ။ ခုလည်း ပြုတယ်။ ကုမ္ပဏီ အလုပ်ချိန်ရောက်ရင်တော့ ထွက်ပေးပေါ့” ဟု ပြောဆိုခဲ့သည် ။
ကုမ္ပဏီ ၅ ခုမှ တာဝန်ခံများ ဖြစ်ကြသော ဦးခင်မောင်စိုး ( မြန်မာသူရ ကုမ္ပဏီ) ၊ ဦးကျော်ဝင်း (၁၁၁ ကုမ္ပဏီ) ၊ ဦးဝင်းလွင် ( ရတနာကြယ်ဖြူ ကုမ္ပဏီ) ၊ ဦးကျော်ဌေး ( ရတနာအဓိပတိ ကုမ္ပဏီ) နှင့် ဦးအိုက်စိုင်း ( နေမင်းကမ္ဘာ ကုမ္ပဏီ ) တို့မှ ဆန္ဒဖော်ထုတ်သည့် နေရာသို့ လာရောက်ညှိနှိုင်းခဲ့ပြီး တောင်းဆိုချက် ၁ နှင့် ၂ ကို ကုမ္ပဏီများက လိုက်လျောခဲ့ပြီး မြန်မာသူရ ကုမ္ပဏီ တစ်ခုတည်းအပေါ် တောင်းဆိုသော အချက်များကိုမှု ဆက်လက် ညှိနှိုင်းသွားရန် သဘောတူညီခဲ့သည့်အတွက် ညှိနှိုင်းမှုများကို မတ်လ ၁ ရက် နေ့ ၁:၄၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့သည်ဟု သိရသည် ။
အဆိုပါ ညှိနှိုင်းမှုတွင် မည်သည့်အစိုးရ ဌာနဆိုင်ရာမှ လာရောက် ဦးဆောင် ညှိနှိုင်းခြင်းမရှိဘဲ ဒေသခံများနှင့် ကျောက်မျက် ကုမ္ပဏီတို့ ထိမပ်တိုက် တွေ့ဆုံးညှိနိုင်းခဲ့သည့် ဖားကန့်ဒေသတွင် ပထမဆုံး အစိုးရ အာဏာပိုင်များ မပါဘဲ အောင်မြင်ခဲ့သည့် တွေ့ဆုံညှိနှိုင်းပွဲ အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည် ။ ဆိပ်မူရဲကင်းမှူးနှင့် sb သတင်းတပ်ဖွဲ့များမှ လာရောက် သတင်းယူမှုများ ရှိခဲ့သော်လည်း ခေါ်ယူမေးမြန်းတာတွေတော့ မရှိခဲ့ဟု ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောပြသည်။
သတင်း - ဇော်မိုးထက်
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment