မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, March 1, 2016
သက်ငယ်မုဒိမ်းမှု ကျူးလွန်သည်ဟု ယူဆခံရသူကို စွဲချက်တင် မတင် မတ် ၁၁ ရက်တွင် အမိန့်ချမှတ်မည် ----- ----- -----
သက်ငယ်မုဒိမ်းမှု ကျူးလွန်သည်ဟု ယူဆခံရသူကို စွဲချက်တင် မတင် မတ် ၁၁ ရက်တွင် အမိန့်ချမှတ်မည်
----- ----- -----
မော်လမြိုင်မြို့နယ် တရားရုံးက သက်ငယ်မုဒိမ်းမှု ကျူးလွန်သည်ဟု ယူဆခံရသူအား စွဲချက်တင် မတင်ကို မတ်လ ၁၁ ရက်တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် တရားရုံးမှ သိရှိရသည်။
မော်လမြိုင်မြို့နယ် တရားရုံးက ၎င်းအမှုနှင့်သက်ဆိုင်သည့် ကလေးနှင့် ကလေး၏မိခင်အပါအဝင် အမှုနှင့် သက်ဆိုင်သည့် တရားလိုပြ
သက်သေများနှင့် ဖေဖော်ဝါရီ ၂၉ ရက်တွင် အမှုစစ်ရဲအရာရှိကို စစ်ဆေးခဲ့ပြီးဖြစ်ရာ တရားလိုဘက်မှ သက်ဆိုင်သူသက်သေများအား စစ်ဆေးမှုပြီးစီးသွားသည့်အတွက် အမှုမှစွပ်စွဲခံရသူ ဦးမြအေး (ခ)ဦးသားပုအား စွဲချက်တင်၊ မတင်ကို အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ကျင်မြင့်က ပြောသည်။
“မတ်လ ၁၁ ရက်နေ့ ရုံးချိန်မှာတော့ စွဲချက်တင်မတင် အမိန့်ချမယ်။
ဒါပေမဲ့ အမှုအခြေအနေအရ ဦးမြအေးကို တရားသူကြီးက စွဲချက်တင်ဖို့များပါတယ်။ ဒီနေ့ အမှုစစ် ရဲအုပ်ခင်မောင်ထွေး
တရားရုံးရှေ့ လာရောက် ထွက်ဆိုချက်တွေက သူစစ်ထားတဲ့အတိုင်းပဲ လာရောက်ထွက်ဆိုသွားပါတယ် ”ဟု တရားလွှတ်တော်
ရှေ့နေ ဒေါ်ကျင်မြင့်က ပြောသည်။
အဆိုပါ အမှုမှာ မွန်ပြည်နယ် မော်လမြိုင်မြို့ သာယာအေးရပ်ကွက်မှ အသက်ငါးနှစ်အရွယ် ကလေးအား အိမ်နီး ချင်းဖြစ်သူ ဦမြအေး
(ခ)ဦးသားပုအသက်(၅၂) နှစ်က ၂၀၁၅ ခုနှစ် မတ်လတွင် အဓမ္မပြုကျင့်ရန် ကြံစည်သည် ဟုဆိုကာ ကလေးမိခင်ဖြစ်သူက မော်လမြိုင်မြို့နယ်
ဇေယျာသီရိနယ်မြေ ရဲစခန်းသို့ ၂၀၁၅ ခုနှစ် ဧပြီလအတွင်း တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တိုင်ကြားမှုကြောင့် ဇေယျာသီရိနယ်မြေရဲစခန်းက (ပ) ၃၆/၂၀၁၅၊
ပုဒ်မ- ၃၇၆၊ ၅၁၁ အရ စုံစမ်းစစ်ဆေးပြီး ၂၀၁၅ ခုနှစ် မေလ ၄ ရက်တွင် မော်လမြိုင်မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ
မော်လမြိုင်မြို့နယ်တရား ရုံးက ၂၀၁၅ ခုနှစ်၊ ပြစ်မှုကြီးအမှုအမှတ် (၉၆၀)ဖြင့် လက်ခံစစ်ဆေး နေသည့်အမှုဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုကို စစ်ဆေးနေသည်မှာ ဆယ်လဝန်းကျင်ခန့် ကြာမြင့်
ပြီဖြစ်ကာ ၎င်းအမှုကို တရားရုံးသို့ ရောက်ရှိပြီး နောက်
ခြောက်လဝန်းကျင်ခန့်အကြာတွင် မော်လမြိုင်မြို့နယ်တရားရုံးက မုဒိမ်းမှုကျူးလွန်သူဟု ယူဆရသူ ဦးမြအေး(ခ)ဦးသားပုကို
ထောင်ဆရာဝန်၏ ဆေးမှတ်တမ်းဖြင့် အာမခံပေးလိုက်သည့်အပေါ် တရားလိုနှင့် စွပ်စွဲခံရသူသည် အိမ်ချင်းကပ်လျက် အနေအထားကြောင့် တရားလိုအနေဖြင့် များစွာ စိတ်ထိခိုက်ရသည့်အတွက် ဦးမြအေး (ခ)ဦးသားပုကို အာမခံ ပြန်လည်ရုပ်သိမ်းပေးရန် တရားလို အကျိုးဆောင်ရှေ့နေက မွန်ပြည်နယ် တရားလွှတ်တော်သို့ တင်ပြလျှောက်ထားကြောင်း သိရသည်။
သတင်း - MMK
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment