Wednesday, November 4, 2015

"သူတို့ဘာလို့ nld ကိုဝန်းရံကြသလဲ"

"သူတို့ဘာလို့ nld ကိုဝန်းရံကြသလဲ"

ဂီတနဲ့ရုပ်ရှင်နယ်ပယ်ကလူတွေ ဒေါ်စုနဲ့nldကိုဘာလို့ဝန်းရံကြသလဲ
အကြောင်းက ဒီလိုပါ
ဦးနု(ပြည်ထောင်စုအစိုးရ)lဗိုလ်ချုပ်ကြီးနေဝင်း(အိမ်စောင့်အစိုးရနဲ့လမ်းစဉ်ပါတီအစိုးရ)l
ဗိုလ်ချုပ်ကြီးစောမောင်(တပ်မတော်အစိုးရ)lဗိုလ်ချုပ်မှုးကြီးသန်းရွှေ(တပ်မတော်အစိုးရ)l
စတဲ့ အစိုးရအဆက်ဆက်တို့က -
(က)ပြည်ထောင်စုမပြိုကွဲစေဖို့
(ခ) တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲစေဖို့
(ဂ) ဘာသာရေး လူမျိုးရေးပဋိပက္ခများမဖြစ်စေဖို့
(ဃ)မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေဖို့
(င)မြန်မာ့ယဉ်ကျေးမှုများမပျက်စီးစေဖို့
(စ)အကျင့်စာရိတ္တများမပျက်စီးစေဖို့-------ဆိုတဲ့ ကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေနဲ့
ဂီတနဲ့ရုပ်ရှင်လောကကို ထိမ်းကွပ်ခဲ့ပါတယ်
ဒါကိုသူတို့မကျေနပ်ကြ မကြိုက်ကြပါဘူး ဒါပေမဲ့လည်း လူနပ်တွေပါ တက်လာတဲ့အစိုးရ
တိုင်းကို "အဘ"လုပ်ခဲ့ကြတာပါပဲ သူတို့က လွတ်လပ်ချင်ကြတဲ့သူတွေ ဒီတော့ သူတို့က ဒေါ်စုနဲ့ NLD ကို ဝန်းရံကြတာပေါ့ ဒေါ်စုကလည်း အသက်ငယ်ငယ်လေးထဲက လေးဆယ် ဝန်းကျင်ထိ အင်္ဂလန်မှာအနေကြာခဲ့တော့ လွတ်လပ်မှုကိုနှစ်သက်သဘောကျတယ် ဒေါ်စုတစ်ယောက်လွတ်လပ်မှုကို ဘယ်လောက်နှစ်သက်တယ် ဘယ်လိုနေထိုင်ခဲ့တယ် ဆိုတာ သူမကိုယ်တိုင်အသိဆုံးပါ
တစ်လောက ဒေါ်စုက သူနဲ့သူ့ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ပိုင်ဆိုင်မှုတွေကို ပြည်သူကိုချပြမယ်လို့ပြောခဲ့ပါတယ် ဒါဟာဒေါ်စုရဲ့ဂတုံးပေါ်ထိပ်ကွက်တဲ့လုပ်ရပ်ပါ ဘာလို့လဲဆိုတော့ မြန်မာ့အကျိုးစီးပွားကိုဖျက်ဆီးဖို့ အနောက်နိုင်ငံအချို့နဲ့ အဖွဲ့အစည်း အမျိုးမျိုးကပေးတဲ့ ဆုကြေးငွေဒေါ်လာသန်းပေါင်းများစွာကို သူ့သားကပြားနှစ်ယောက် က လက်ခံရယူပြီး နိုင်ငံခြားဘဏ်မှာသူတို့နာမည်နဲ့ဘဲထားပါတယ် ဒါကြောင့်ကျွန်တော်က ဒေါ်စုရဲ့ပိုင်ဆိုင်မှုကြေညာမှာကိုစိတ်မဝင်စားဘူး ကျွန်တော်ပြည်သူကိုသိစေချင်တာက
" ဒေါ်စုရဲ့ပိုင်ဆိုင်မှုထက် ဒေါ်စုဘယ်မှာဘယ်လိုလွတ်လပ်စွာနေခဲ့တယ် " ဆိုတာဘဲဖြစ် ပါတယ် ဂီတနဲ့ရုပ်ရှင်လောကသားတွေအကြောင်းပြန်ပြောရင် သူတို့ဘာပြောသလဲ "အနုပညာဆိုတာ လွတ်လပ်စွာဖန်တီးခွင့်ရှိရမယ်"တဲ့ မှန်ပါတယ် ယေဘူယျအားဖြင့် လက်ခံပေးလို့ရပါတယ် ဒါပေမဲ့ အနုပညာဆိုတာ နှလုံးသားကစီးဆင်းလာတဲ့ခံစားမှုကို ရုပ်လုံးဖေါ်ကြရတာဆိုတော့ လွှတ်ချင်တိုင်းလွှတ်ထားလို့မရဘူးလေ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းကသော်လည်းကောင်း လူ့အဖွဲ့အစည်းတစ်ရပ်ရပ်ကသော်လည်း ကောင်း ကာယကံရှင်တွေကိုယ်တိုင်ကသော်လည်းကောင်း ဖေါ်ပြပါကိစ္စတွေကို ထိမ်း သိမ်းကြရပါမယ် မထိမ်းသိမ်းလျှင်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုနိုင်ငံနဲ့ပြည်သူဘဲခံကြရ ပါမယ်
ဦးသိန်းစိန်အစိုးရတက်စမှာပဲ မောင်နဲ့နှမ သားနဲ့အမိ အတူတူကြည့်လို့မှမသင့်တော်တဲ့
ဖန်တီးမှုတွေနဲ့ မြန်မာ့ယဉ်ကျေးမှုကို သွေးတိုးစမ်းခဲ့ကြတယ်မဟုတ်လား ဒီကနေ့ လူငယ်
အများစုရဲ့ဝတ်စားဆင်ယင်မှုတွေဟာ တဏာရာဂကိုနိုးဆွစေတဲ့ ပြဿနာကိုလက်ယပ်
ခေါ်နေတဲ့ မြန်မာ့မျက်စိနဲ့ဘယ်လိုမှမြင်လို့မသင့်တဲ့ တိုင်းတစ်ပါးဝတ်စားဆင်ယင်မှုတွေ
ဖြစ်နေပါတယ် ကျက်သရေရှိတဲ့ ယဉ်ကျေးတဲ့ ချစ်စရာကောင်းတဲ့မြန်မာ့ယဉ်ကျေးမှုကို
စတင်ဝါးမြိုနေပါပြီ ဒါတွေဘယ်သူတွေဆီကကူးစက်လာသလဲ အရှိအတိုင်းပြောရရင်
ဂီတနဲ့ရုပ်ရှင်လောကသားအများစုဆီက ကူးစက်လာတာပါ ပြတ်ပြတ်သားသားပြောရရင်
သူတို့ဟာမြန်မာ့ယဉ်ကျေးမှုကိုဖျက်ဆီးနေကြတဲ့သူတွေပါ
နောက် သူတို့အများစုဟာ မူးယစ်ဆေးဝါးနဲ့အရက်သေစာသုံးစွဲကြတယ် လောင်းကစား
လိုက်စားကြတယ် လူမှုရေးရှုပ်ကြတယ် အိမ်ထောင်ရေးဖေါက်ပြန်ကြတယ် သူတို့ဟာ
အဲဒါတွေအပေါ်မှာသာယာကြတဲ့သူတွေ အဲသလိုလွတ်လွတ်လပ်လပ်နေချင်ကြတဲ့သူ
တွေပါ သူတို့ဟာ ကုသိုလ်စိတ်မှာမွှေ့လျှော်မှုမရှိဘဲ အကုသိုလ်စိတ်မှာပဲမွှေ့လျှော်နေကြ
တဲ့သူတွေပါ ဒါကြောင့်လည်း မာန်လည်ဆရာတော်ဘုရားကြီးက အဲသလိုအနုပညာသ
မားတွေသေရင် အဝီစိအောက်ထိရောက်မယ်လို့သတိပေးဆုံးမခဲ့တာကို မဃဒေဝလင်္ကာ
သစ်မှာ မှတ်သားရဘူးပါတယ် နောက် ပညာရှိပုဂ္ဂိုလ်များက အသိအလိမ္မာကို ခေတ်ပေါ်
ဂီတနဲ့ရုပ်ရှင်ကမရနိုင်ဘဲ စာကောင်းပေမွန်တွေကသာရနိုင်တာမို့ အလိမ္မာစာမှာရှိလို့
ဆိုခဲ့ကြတာပါ
ဒီတော့ အသိအလိမ္မာမရနိုင်တဲ့ ပရမ်းပတာ ဝတ်လစ်စလစ်လွတ်လပ်ချင်ကြတဲ့ ဂီတနဲ့
ရုပ်ရှင်နယ်ပယ်ကလူတွေက လွတ်လပ်မှုကို အမျိုးပျက်သည်ထိသဘောကျတဲ့ဒေါ်စုကို ဝန်းရံကြတာဟာ ပုလင်းတူဗူးဆို့တွေမို့ အံ့သြစရာတော့မဟုတ်ပါဘူး။

Myo Chit

No comments: