(၅)နှစ်အတွင်း ရန်ကုန်၌ မုဒိမ်းမှု (၆၅၀)ကျော် ဖြစ်ပွားခဲ့
Saturday, November 14, 2015
အစိုးရသစ်တာဝန် ယူချိန်ငါးနှစ် ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ မုဒိမ်းမှု စုစုပေါင်း (၆၅၆)မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
“ဒီအမှုတွေက အခြေခံ လူတန်းစားတွေ နေတဲ့နေရာတွေမှာ အများဆုံး ဖြစ်ပွားခဲ့တာ၊ အဓိက စိတ်ခံစားမှုကြောင့် ဖြစ်တဲ့အတွက် တားဆီးရာမှာ အခက်အခဲ ရှိနေတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ပြည့်စုံက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မုဒိမ်းမှု ဖြစ်ပွားမှုမှာ ၂၀၁၁ခုနှစ်တွင် (၁၄၅)မှု၊ ၂၀၁၂ ခုနှစ်တွင် (၁၃၅)မှု၊ ၂၀၁၃ခုနှစ်တွင် (၁၅၂) မှု၊ ၂၀၁၄ခုနှစ်တွင် (၁၃၀)မှုနှင့် ၂၀၁၅ ခုနှစ်တွင် (၉၄)မှု စသည်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအမှုများတွင် သက်ငယ်မဒိမ်းမှုမှာ ထက်ဝက်နီးပါး ပါဝင်ပြီး၊ အခြေခံလူတန်းစားများ နေထိုင်သည့် နေရာများတွင် အများဆုံး ဖြစ်ပွားခဲ့၍ အဆိုပါနေရာများ၌ ထိရောက်သည့် အသိပညာပေး ဟောပြောမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
“အမျိုးသမီးတွေ အနေနဲ့ လူပြတ်တဲ့ နေရာတွေကို တစ်ယောက်တည်း မသွားဖို့ လိုသလို မိဘတွေကလည်း ကိုယ့်ကလေးကို သူများတွေဆီမှာ ယုံယုံကြည်ကြည် အပ်တာတွေ မလုပ်ဖို့လိုတယ်”ဟု မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်ကြည်မာက ဆိုသည်။
အဆိုပါ မုဒိမ်းမှုများ လျော့ချနိုင်ရေး ခရိုင်မြို့နယ်အလိုက် ဟောပြောပွဲတွေများ လိင်စိတ်ကြွစေသည့် ဗီဒီယိုအခွေများ၊ ဆေးဝါးများ စသည်တို့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်သော်လည်း အင်တာနက်ပေါ်ရှိ လိင်စိတ်ကြွ ဗီဒီယိုများကိုမှု ဖမ်းဆီးရန် မလွယ်ဘဲ၊ လူ၏ စိတ်ခံစားမှုကိုလည်း တာဆီးရန် မလွယ်ကူကြောင်း ဒုရဲမှူးပြည့်စုံက ဆိုသည်။
Messenger News Journal
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, November 14, 2015
(၅)နှစ်အတွင်း ရန်ကုန်၌ မုဒိမ်းမှု (၆၅၀)ကျော် ဖြစ်ပွားခဲ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment