Saturday, November 14, 2015

ရခိုင်က မသီတာထွေး အသတ်ခံရတုန်းက... မိတ္ထီလာက ဆရာတော်ဦးသောဘိတ ရက်ရက်စက်စက်..အသတ်ခံရတုန်းက.. မန္တလေးက..ကိုထွန်းထွန်း လည်လှီးအသတ်ခံရတုန်းက.... ရခိုင်သားတွေ... အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေတုန်းက..

ရခိုင်က မသီတာထွေး အသတ်ခံရတုန်းက...
မိတ္ထီလာက ဆရာတော်ဦးသောဘိတ ရက်ရက်စက်စက်..အသတ်ခံရတုန်းက..
မန္တလေးက..ကိုထွန်းထွန်း လည်လှီးအသတ်ခံရတုန်းက....
ရခိုင်သားတွေ... အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေတုန်းက..
မိတ္ထီလာသားတွေ.. အိုးမဲ့အိမ်မဲ့ ဖြစ်နေတုန်းက..
မန်းသူ/သားတွေ ကျီးလန့်စာ စားနေတုန်းက..
လောက်ကိုင်မှာ.. တိုက်ပွဲကျတဲ့ တပ်မတော်သားတွေ သေတုန်းက...
အဲ့ တပ်မတော်သားတွေရဲ့ မိသားစုတွေ .. အဖမဲ့..လင်မဲ့..သားမဲ့ ဖြစ်နေတုန်းက
အဲ့လို...အဲ့လိုတွေ ဖြစ်ခဲ့တုန်းက.. အပေါက်တွေပိတ်..
မျက်လုံးတွေကန်း.. နားတွေ ပင်းနေခဲ့ပြီး...
အခုမှ.. #PrayForParis တဲ့လား...
Pray for Paris တဲ့လားကွယ်...
ရင်တွေ နာအောင်လဲ နင်တို့ပဲ လုပ်ခဲ့တာ...
နာအောင် လုပ်လို့ နာတော့.. ငါတို့ အပြစ်တဲ့လား..
အသားထဲက လောက် တွေကို နာတာ ငါတို့ အပြစ်တဲ့လား...
သူပုန်သေတော့... ဆီဗူးခါပြီး နာပြနေတာကို ..ငါတို့က
ပြုံးပြုံးလေး နေပေးရမတဲ့လား...
ဘင်္ဂလီကို.. ရိုဟင်ဂျာပါလို့ အော်ပေးနေတဲ့ နင်တို့ကို..
ငါတို့က.. သဘောထားကြီးစွာ..နားလည်ပေးရမတဲ့လား..
တပ်မတော်သားတွေ သေတာကို လက်ခုပ်လက်ဝါးတီးပြီး...
ပျော်နေတဲ့ နင်တို့နဲ့.. လိုက်ပြီး တူတူပျော်ပေးရမယ်တဲ့လား...
ခက်ခက်ခဲခဲ ရုန်းကန်ပြီး တည်ဆောက်ပေးနေတဲ့  ဦးသိန်းစိန်အစိုးရကို..
နင်တို့နဲ့ တူတူ ...ဝိုင်းပြီး  အပေါ် တက်မလာဖို့ ထိုးချပေးရမယ်တဲ့လား..
လူသားဆန်တဲ့ နှလုံးသား မရှိတဲ့ နင်တို့ကို.. ဘယ်လိုများ နားလည်ရမလဲ..
ပြောင်းလဲဖို့ချိန်တန်ပြီ ဆိုပြီး..ခုထိ စိတ်ဓာတ်တွေ မပြောင်းလဲ...
အာဃာတတွေ ကြီးနေတဲ့ နင်တို့ကို ဘယ်လို နားလည်ရမလဲ...
နင်တို့ စိတ်ဓာတ်တွေ ပြောင်းလဲလာတဲ့ တစ်နေ့..
ငါတို့ ကြိုဆိုပေးဖို့ တံခါးလေးတွေ စေ့ပေးထားပါတယ်..
နိုင်ငံသားစိတ်ဓာတ် ပြည့်ဝလာတဲ့နေ့...
အမျိုးသားရေး အမြင်တွေ ကြည်လင်လာတဲ့နေ့...
တံခါးလေး ဖွင့်ပြီး ဝင်လာခဲ့ပါ...
တံခါးတော့ ဖွင့်မထားပါရစေနဲ့...
စရိုက်ဆိုးတွေ ဝင်လာမှာစိုးလို့... စေ့ ထားပါရစေ..
အတိုက်ခံ လုပ်ပြီး ပြောနေပေမယ့်...
ငါတို့ လူမျိုးကို ငါတို့ မမုန်းပါဘူး...
တစ်မြေထဲနေ ..တစ်ရေထဲ သောက်နေတဲ့ သွေးချင်းတွေကို မုန်းဖို့
ငါတို့ ဘာသာတရားက သင်ပေးမထားပါဘူး...
ဒါပေမယ့်... အမေကျော် ဒွေးတော် လွမ်းနေတဲ့ နင်တို့စရိုက်တွေကို
မကြိုက်လို့... ခပ်ကင်းကင်းတော့ နေပါရစေ...
အမြင်တွေ ကြည်လာတဲ့ တစ်နေ့... ဝင်လာခဲ့ပါ...
ကြိုဆိုလျှက်ပါကွယ်.....


No comments: