Sunday, November 1, 2015

အနီးကပ်ဆုံးပြိုင်ဘက်ကို (၃)မှတ်စီဖြတ်ထားလိုက်တဲ့ မန်စီးတီးနဲ့အာဆင်နယ်

အနီးကပ်ဆုံးပြိုင်ဘက်ကို (၃)မှတ်စီဖြတ်ထားလိုက်တဲ့ မန်စီးတီးနဲ့အာဆင်နယ် ================================================== အမှတ်ပေးဇယားထိပ်ဆုံးတွင် အမှတ်တူရပ်တည်နေသည့် မန်စီးတီးနှင့် အာ ဆင်နယ်အသင်းများမှာ ယခုတစ်ပတ်တွင် နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး တတိယနေ ရာမှ လက်စတာအသင်းကို (၃)မှတ်ဖြတ်ထားနိုင်ခဲ့သည်။ မန်စီးတီးအသင်းအနေဖြင့် နောဝစ်ခ်ျအသင်းနှင့် (၁)ဂိုးစီသရေကျနေပြီးမှ ယာယာတိုရေး၏နောက်ကျ ပယ်နယ်တီဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး နာကျင်အချိန်ပိုတွင် ပယ်နယ်တီ(၁)ကြိမ် ထပ်မံရရှိခဲ့သော်လည်း ကိုလာရော့ဗ်၏ကန်ချက်မှာ လွဲချော်ခဲ့ရသည်။ အာဆင်နယ်အသင်းမှာမူ ဆွမ်ဆီးအသင်း၏အိမ်ကွင်းတွင် ဖိအားမရှိ ခဲ့ဘဲ ဂျရူး၊ ကိုစီယယ်လ်နီ၊ ဂျိုယဲလ်ကမ်းဘဲလ်တို့၏သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ၀က်စ်ဟမ်းအသင်း ရှုံးပွဲတွေ့မှု၊ မန်ယူအသင်း သရေကျမှုများကြောင့် နိုင်ပွဲရခဲ့သည့် လက်စတာအသင်းမှာ တတိယနေရာသို့ ရောက်ရှိလာခဲ့သည်။ ပွဲစဉ်-၂၂(စနေနေ့ရလဒ်များ) -------------------------------- ချယ်လ်ဆီး ၁-၃ လီဗာပူးလ် ခရစ္စတယ်ပဲလေ့စ် ၀-၀ မန်ယူ မန်စီးတီး ၂-၁ နောဝစ်ခ်ျ နယူးကာဆယ် ၀-၀ စတုတ်စီးတီး ဆွမ်ဆီး ၀-၃ အာဆင်နယ် ၀က်ဖို့ဒ် ၂-၀ ၀က်စ်ဟမ်း ၀က်စ်ဘရွန်း ၂-၃ လက်စတာ Photos:AFP

No comments: