Friday, September 25, 2015

လယ်ယာလုပ်ကိုင်သူ ကချင်လူမျိုး ၂၅ ဦး အား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး

လယ်ယာလုပ်ကိုင်သူ ကချင်လူမျိုး ၂၅ ဦး အား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နန်ဗျူကျေးရွာအနီးရှိ နန်ဗျူချောင်းမှ အင်ဂါးဂါးအထိ ချောင်းတစ်လျှောက်တွင် လယ်ယာလုပ်ကိုင်နေသူ ကချင်လူမျိုး ၂၅ ဦးအား စက်တင်ဘာလ ၂၁ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်အဖြစ် အတင်း အကြပ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

တနိုင်းမြို့နယ်၊ နန်ဗျူကျေးရွာအနီးတစ်ဝိုက်သို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး လယ်ယာတဲများတွင်နေထိုင်၍ လယ်ယာလုပ်ကိုင်နေသည့် ကချင်လူမျိုး ၂၅ ဦးအား လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လယ်ပိုင်ရှင်တစ်ဦးမှ ပြောပြပါသည်။

“ ဒီဒေသမှာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးနေကြတာပါ၊ ဒါကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ချောင်းတစ်လျှောက်မှာ ရိုးရိုးသားသားနဲ့ လယ်ယာလုပ်ကိုင်နေတဲ့ ကချင်လူမျိုး ၂၅ ယောက်ကိုလည်း အတင်းအဓမ္မ ဖမ်းခေါ်သွားတယ်၊ လူသစ် လုပ်ခိုင်းဖို့ ဖမ်းသွားတာပဲနေမှာပါ ’’ ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။

KIA အဖွဲ့သည် ကျေးရွာများတွင်သာမက မှော်များတွင်လည်း ဆက်ကြေးငွေကောက်ခံခြင်း၊ မှော်လုပ်သား များကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ လယ်ယာလုပ်ကိုင်သူများကိုလည်း အကြောင်းအမျိုးမျိုးပြကာ လူသစ် အဖြစ် ဖမ်းဆီးခြင်းနှင့် ကျေးရွာများအနီး မိုင်းထောင်ခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် စားဝတ်နေရေး အတွက် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောပါသည်။

နော်ဂျာ



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: