ဒေသခံလုပ်ငန်းရှင်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေး ကောက်ခံလျက်ရှိ
စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ဒေသအတွင်း ဆက်ကြေး(လုံးဝ)ပေးဆောင်ခြင်းမရှိသည့် စီးပွားရေး လုပ်ငန်းရှင်များ အား KIA အဖွဲ့မှ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံသွားကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။
“ဒီဒေသမှာ လုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တွေကတော့ အများကြီးပါပဲ၊ ကုမ္ပဏီတွေ၊ ဈေးဆိုင်ခန်းတွေ၊ စက်သုံးဆီအရောင်း ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ ဆက်ကြေးပေးဆောင်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စက်တင်ဘာ လ ၁၈ ရက်ကစပြီး KIA အဖွဲ့က ဆက်ကြေးငွေတွေ အတင်းအကြပ်ကောက်ခံနေတယ်လို့ ကြားတယ်။ ဆက်ကြေးငွေပေး ဆောင်ခြင်းမရှိတဲ့ လုပ်ငန်းရှင်၊ ပိုင်ရှင်တွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးသွားမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ သိရတယ် ’’ ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။
KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆက်ကြေးငွေနှင့် အခြားအစားအသောက်များ မကြာခဏလာရောက် ကောက်ခံခြင်းကြောင့် ဒေသခံလုပ်ငန်းရှင်၊ ပိုင်ရှင်များမှာပေးဆောင်ရန် အခက်အခဲများရှိကြောင်း ဒေသခံလုပ်ငန်းရှင်တစ်ဦးမှ ပြောပါသည်။
ထို့အပြင် KIA အဖွဲ့မှ ဆက်ကြေးပေးဆောင်ခြင်းမရှိသည့် စီးပွားရေး လုပ်ငန်းရှင်၊ ပိုင်ရှင်များအား နည်းမျိုးစုံဖြင့် ဒုက္ခပေး သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် လုပ်ငန်းရှင်များမှာ စိုးရိမ်ကြောက် လန့်နေကြကြောင်းနှင့် လုပ်ငန်းများရပ်ဆိုင်းရ မလို ဖြစ်နေကြောင်း လုပ်ငန်းရှင်တစ်ဦးမှလည်း ပြောကြားခဲ့ပါသည်။
စိုင်းနောင်(ဖားကန့်)
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment