မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ၏ အရှေ့တောင်ဘက် နန့်စီးချောင်းဖျားတွင် ဒေသခံရွာသား တစ်ဦး KIA မိုင်း နင်းမိပေါက်ကွဲ
=========================================
19, September, 2015 By Kachin News
၂၀၁၅ ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့တွင် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာရှိ နန့်စီးချောင်းဖျားတစ်ဝိုက် ငါးရှာဖွေနေစဉ် ဦးထွန်းအေး အသက်(၃၀)နှစ်သည် KIA ထောင်ထားသောမိုင်း နင်းမိပေါက်ကွဲကာ ၀ဲဘက်ခြေထောက် ခြေကျင်းဝတ် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာဖြင့် (ဒေသအခေါ်)နန့်တုန်စံကျေးရွာ ဟောင်းဘက် သို့ ဆက်လက်သွားခဲ့ပါသည်။
နန့်တုန်စံကျေးရွာအနီးအရောက်တွင် ရွာသား(၄)ဦးမှတွေ့ရှိပြီး နန့်စီးအောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးခဲ့ကြောင်း၊ နန့်စီးအောင်ကျေးရွာမှတဆင့် နာရေးကူညီမှုအသင်းကား ဖြင့် မိုးညှင်းခရိုင်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း ကြားသိရ ပါသည်။
“အဲ့ဒီချောင်းတလျှောက်ရော၊ ချောင်းဖျားရော သွားလာသူသိပ်တော့မရှိဘူးဗျ၊ ဘာကြောင့် လဲဆိုတော့ KIA မိုင်းထောင်ထားတာ တော်တော်များတယ်၊ အရင်တုန်းကဆို သူ့အလိုလိုကို မိုင်းတွေကကွဲနေတာဗျာ စိတ်တောင်ညစ်တယ်၊ ရွာမှာလည်းနေချင်တဲ့သူတွေ သိပ်မရှိကြတော့ ပါဘူး၊ ဒီကောင်တွေမရှိတော့လဲ မိုင်းတွေက ကျန်နေခဲ့တယ်၊ ဘာကောင်းကျိုးမှ မပေးတဲ့ ကောင်တွေပါဗျာ ” ဟု ၎င်းဒေသခံတစ်ဦးက ပြောကြားထားပါသည်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment