Tuesday, September 22, 2015

ဂရိအာဏာရပါတီ ရွေးကောက်ပွဲအနိုင်ရရှိ ==============================

ဂရိအာဏာရပါတီ ရွေးကောက်ပွဲအနိုင်ရရှိ
==============================

ဂရိ စက်တင်ဘာ ၂၁

ယခင်ဂရိဝန်ကြီးချုပ်ဟောင်း အလက်ဇစ်ဆီပရက်စ် သည် စက်တင်ဘာ ၂ဝ ရက် တနင်္ဂနွေနေ့ရွေးကောက်ပွဲ၌ မျှော်လင့်မထားဘဲ အောင်မြင်မှုသရဖူဆောင်းခဲ့ပြီ ဖြစ်သည်။ ၄င်း၏အာဏာရပါတီသည် ယခုအခါတွင် လွှတ်တော်၌ ယခင်ကထက် အမတ်လောင်းနေရာပိုမို ရရှိခဲ့ပြီးဖြစ်သည်။
မဲအားလုံးနီးပါး ရေတွက်ပြီးချိန်တွင် ဆိုင်ရီဇာ ပါတီသည် အမတ်လောင်းနေရာ ၃ဝဝ ရှိသည့်အနက် ၁၄၅ နေရာရရှိခဲ့ကာ ၃၅ ရာခိုင်နှုန်းထက် ကျော်လွန်သော ပမာဏကို ရရှိခဲ့ခြင်းဖြစ်သည်။
အောင်နိုင်ရေးမိန့်ခွန်း၌ ဆီပရက်စ်က ထောက်ခံ ပြည်သူများသည် အစိုးရကို ပြန်လည်ပြုပြင်စေလိုသည့်ဆန္ဒရှိပြီး နိုင်ငံအတွက်စွမ်းဆောင်စေလိုကြောင်း ပြောခဲ့ သည်။
ထို့ပြင် ဆီပရက်စ်က နိုင်ငံ၏ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း ကတိပြုပြော ကြားခဲ့သည်။
ခြိုးခြံချွေတာရေးသည် ဂရိနိုင်ငံတွင် ရင်ဆိုင်နေရ သော ပြဿနာတစ်ရပ်ဖြစ်ရုံမက ဒုက္ခသည်အရေ အတွက်အများအပြား စီးဝင်လာမှုသည်လည်း ၄င်းနိုင်ငံ အတွက် နောက်ထပ်ဖြေရှင်းရမည့် ပြဿနာတစ်ရပ် ဖြစ်သည်။
(အင်န်အိတ်ခ်ျကေ)



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: