Saturday, September 26, 2015

မန်စီမြို့နယ် တိုက်ပွဲများကြားပိတ်မိနေသည့် ဒေသခံများခေါ်ယူပေးရန် သက်ဆိုင်ရာ

မန်စီမြို့နယ် တိုက်ပွဲများကြားပိတ်မိနေသည့် ဒေသခံများခေါ်ယူပေးရန် သက်ဆိုင်ရာကို အကြောင်းကြားထား (ရုပ်သံ သတင်း)

ကချင်ပြည်နယ် မန်စီမြို့နယ် လိုက်ကာကျေးရွာအနီးတစ်ဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြားမှာ ပိတ်မိ နေတဲ့ ဒေသခံတွေကိုခေါ်ယူဖို့ MPC နဲ့ PCG ကို နာမည်စာရင်းပေးပို့ထားတယ်လို့ အေးချမ်းမြန်မာအင်စတီကျူ့ အမှုဆောင်ဒါရိုက်တာဦးဆလိုင်းအိုက်ဇက်ခင်က စက်တင်ဘာ ၂၅ ရက်က ပြောပါ တယ်။

ပဋိပက္ခအတွင်း အရပ်သားတွေကို အကာအကွယ်ပေးမှုစောင့်ကြည့်ရေးအဖွဲ့နဲ့ ဗန်းမော်အခြေစိုက် ဇင်လွမ်းအဖွဲ့တို့ဟာ စက်တင်ဘာ ၂၂ ရက်က မိုင်းခေါင်းကျေးရွာကို သွားရောက်ပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့ ဒေသ အတွင်း ပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာကို ပို့ဆောင်နိုင်ဖို့ ညှိနှိုင်းတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ မန်စီမြို့နယ် တိုက်ပွဲများကြားပိတ်မိနေသည့် ဒေသခံများခေါ်ယူပေးရန် သက်ဆိုင်ရာကို အကြောင်း ကြား ထား ကချင်ပြည်နယ် မန်စီမြို့နယ် လိုက်ကာကျေးရွာအနီးတစ်ဝိုက်မှာ ဖြစ်... youtube.com



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: