မဲဆွယ်စည်းရုံးရေးဆင်းရာတွင် လုံခြုံရေးကျည်ကာဝတ်ရန် ဒေါ်အောင်ဆန်းစုကြည်ငြင်းပယ်
Friday, September 25, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံခြုံရေးအရ ကျည်ကာ ဝတ်ရန်အကြံပေးသည်ကို ငြင်းပယ် လိုက်ပြီးလုံခြုံရေးအတွက် ဘတ်ဂျက် သီးသန့် ထားရှိကာ လုပ်ဆောင်ထား ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုအောင် နိုင်ရေးအဖွဲ့မှ ဦးဝင်းထိန်က ပြောသည်။
''ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျည်ကာဝတ်ဖို့ လုံးဝ သဘောမတူဘူး။ လုံခြုံရေး အတွက် ဘတ်ဂျက်လုံးဝမရှိဘူး။ လုံခြုံရေး တာဝန်ယူတဲ့သူတွေကလည်း လက်နက်လည်း မရှိဘူး။ သူတို့က ပရော် ဖက်ရှင်နယ်တွေ မဟုတ်ဘူး။ ဘာနဲ့ ကာကွယ်လဲဆိုတော့ သူတို့ကိုယ် ခန္ဓာ ကိုယ်နဲ့ အကာအကွယ်ပေးပြီးလုံခြုံ ရေးယူကြတာ။ ဒေါ်အောင်စုကြည် လုံခြုံရေးကို သူတို့ကိုယ်ခန္ခာကိုယ် နဲ့ပဲအကာအကွယ်ပေးကြမှာ'' ဟု ¤င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်၊ ကချင် ပြည်နယ် များသို့ မဲအသိပညာပေးဟောပြော ပွဲများနှင့် ပါတီစည်းရုံးရေးလုပ်ငန်း များအတွက် သွားရောက်မည်ဖြစ်ရာ ¤င်း၏ လုံခြုံရေးအတွက် အကြံပေး သည်ကို ငြင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ¤င်းက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် ခရီး စဉ်ကိုသွားရောက်မည့်အပေါ် ဒေသခံ အချို့ကကန့်ကွက်မှုရှိနေ ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ပါတီစည်းရုံးရေးခရီးစဉ် များ အဖြစ် စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်များသို့ လည်းကောင်း၊ အောက်တိုဘာလ ဆန်းတွင် ကချင်ပြည်နယ် မြစ်ကြီး နား၊ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော် မြို့များသို့ လည်းကောင်း၊ အောက်တို ဘာလလယ်တွင် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များသို့ သွားရောက်မည်ဖြစ်ကြောင်း ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရသည်။
Reporter News Journal
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment