Saturday, September 19, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ခေတ်သစ်စိုက်ပျိုးရေးနည်းပညာ စံပြစိုက်ခင်းနှင့် ကွမ်ရှီး တိုင်းရင်းသား လူမျိုးစု တက္ကသိုလ်တို့အား သွားရောက် ကြည့်ရှုလေ့လာ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ခေတ်သစ်စိုက်ပျိုးရေးနည်းပညာ စံပြစိုက်ခင်းနှင့် ကွမ်ရှီး တိုင်းရင်းသား လူမျိုးစု တက္ကသိုလ်တို့အား သွားရောက် ကြည့်ရှုလေ့လာ

နန်နင်း စက်တင်ဘာ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၁၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်း အဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် နန်နင်းမြို့ရှိ ခေတ်သစ် စိုက်ပျိုးရေး နည်းပညာ စံပြစိုက်ခင်းနှင့် ကွမ်ရှီးတိုင်းရင်းသား လူမျိုးစု တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဒေသစံတော်ချိန် ၈နာရီ ၄၅မိနစ်တွင် နန်နင်းမြို့ရှိ ခေတ်သစ် စိုက်ပျိုးရေး နည်းပညာစံပြစိုက်ခင်းသို့ရောက်ရှိပြီး Green house စနစ်ဖြင့် သိပ္ပံနည်းကျစိုက်ပျိုးထားသော ပန်းမန်နှင့် သီးနှံ စိုက်ခင်း များအား လှည့်လည် ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် အဆိုပါစိုက်ခင်း၌ အထိမ်းအမှတ်အဖြစ် ဟွာပန်းပင်ကို စိုက်ပျိုးပေးခဲ့ပြီး စိုက်ခင်းမှ တာဝန်ရှိ သူများနှင့်အတူ စုပေါင်း၍မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကွမ်ရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ် သို့ရောက်ရှိရာ ပါမောက္ခချုပ်နှင့် ကျောင်း သား ကျောင်းသူများက ကြိုဆိုနှုတ် ဆက်ကြ သည်။
ယင်းနောက် ဒုတိယသမ္မတသည် အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တက္ကသိုလ် အစည်းအဝေး ခန်းမ၌ တွေ့ ဆုံရာ ပါမောက္ခချုပ် မစ္စတာ ရှဲ့ဆန့်ကော်က တက္ကသိုလ်၏နောက်ခံ သမိုင်းအကျဉ်း၊ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူအင်အား၊ ဘာသာရပ်များသင်ကြားပို့ချမှုနှင့် နှစ်အလိုက် ဘွဲ့ရပညာ တတ်များ မွေး ထုတ် ပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတက ဘာသာရပ်များသင်ကြားပို့ချမှု၊ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာတော်သင် စေလွှတ်မှု ဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် တက္ကသိုလ်သမိုင်းပြတိုက်နှင့် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ များ၊ ဆရာ ဆရာမများ၊ မြန်မာ ဘာသာသင်ယူနေသည့် ကျောင်း သား ကျောင်းသူ များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ပြန်လည် ထွက်ခွာရန် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် နန်နင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကွန်မြူနစ်ပါတီကော်မတီ အမြဲတမ်း ကော်မတီဝင် ကွန်မြူနစ်ပါတီကော်မတီ ပြန်ကြားရေးဌာနဥက္ကဋ္ဌ မစ္စတာ ရှန်ပေဟိုင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ နန်နင်းမြို့ မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ လာရာ ညနေ ၄ နာရီ မိနစ် ၂၀ တွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ဒုတိယ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ကချင်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာခင်မောင်ထွန်း၊ ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးအောင်ကျော်ညွန့်တို့လည်း ပြန်လည်လိုက်ပါလာကြသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: