Wednesday, September 2, 2015

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံ(၆)ဦးအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး(ပက်ဂျီဆန်)အဖွဲ့မှ ဥပဒေမဲ့ ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုကြောင့် ဒေသခံများက သက်ဆိုင်ရာသို့ တိုင်ကြားထား =========================================

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံ(၆)ဦးအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး(ပက်ဂျီဆန်)အဖွဲ့မှ ဥပဒေမဲ့ ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုကြောင့် ဒေသခံများက သက်ဆိုင်ရာသို့ တိုင်ကြားထား ========================================= 1, september , 2015 By Kachin People ၂၀၁၅ သြဂုတ်လ(၂၉)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ နန့်ဝါကျေးရွာအုပ်စု၊ နတ်မြင်း ကျေးရွာနေ ဦးဆွေဦးနှင့် သားဖြစ်သူ တို့အား ၀ိုင်းမော်မြို့မှ နေအိမ်သို့ ပြန်လာစဉ် လမ်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့(ပက်ဂျီဆန်)မှ ၀ါရှောင်ကျေးရွာ၊ ဝေဘားရပ်ကွက်နေ အင်အား(၁၀)ဦးခန့်မှာ ဆိုင်ကယ်အား တားဆီး၍ နေအိမ်တွင် မူးယစ်ဆေးဝါးတွေ့ရှိသည်ဟု ဆိုကာ ဦးဆွေဦးတို့သားအဖအား လက်ထိပ်နောက်ပြန်ခတ်၍ နတ်မြင်းကျေးရွာ၏ အရှေ့မြောက် ဘက်ရှိ တောထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး သစ်ပင်တွင် လက်ပြန်ကြိုးတုတ်ထားခဲ့ကြောင်း သိရှိရ ပါသည်။ ၎င်းနောက် ညပိုင်းရောက်သည့်အခါ ပက်ဂျီဆန်အဖွဲ့ စုစုပေါင်း (၃၀)ခန့်ရောက်ရှိလာပြီး ဦးဆွေဦးတို့ သားအဖအား နေအိမ်တွင်မူးယစ်ဆေးဝါးတွေ့ရှိသည်ဟုဆိုကာ လက်သီးဖြင့် ၀ိုင်းထုးခြင်း၊ ၀ါးလုံးဖြင့် ခြေသလုံးရိုးပေါ် ဖိကြိတ်ခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ထိုနေ့ ညပိုင်းတွင်လည်း ပါဝါနိုင်းငှက်ပျောခြံနေသူ ဒေါ်အေးအေးချိုနှင့် ကိုမျိုးတို့ (၂)ဦးအား ၎င်းပက်ဂျီဆန်အဖွဲ့မှ မူးယစ်ဆေးဝါးတွေ့ရှိသည်ဟုဆိုကာ ဦးဆွေဦးတို့သားအဖ ချုပ်နှောင်ထားသောတောထဲသို့ ဖမ်းဆီးခေါ်ဆောင်ကာ လက်ပြန်ကြိုးတုတ်ပြီး ထိုးကြိတ်ခြင်း၊ ၀ါးလုံးဖြင့် ခြေသလုံးရိုးပေါ်ဖိကြိတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ သြဂုတ်လ(၃၀)ရက်နေ့တွင်လည်း ၎င်းပက်ဂျီဆန်အဖွဲ့မှ နတ်မြင်းကျေးရွာနေ ဒေါ်မဆမ် နှင့် ဦးဆန်းလျို့တို့(၂)ဦးအား မူးယစ်ဆေးဝါးတွေ့ရှိသည်ဟုဆိုကာ ဦးဆွေဦးတို့ သားအဖ ဖမ်းဆီးချုပ်နှောင်ခဲ့သော နေရာသို့ခေါ်ဆောင်ကာ လက်ပြန်ကြိုးတုတ်ခြင်း၊ လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ ၀ါးလုံးဖြင့် ချေသလုံးရိုးများပေါ် ဖိကြိတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆက်လက် သိရှိရပါသည်။ ထိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(ပက်ဂျီဆန်)အား သက်ဆိုင်ရာ တာဝန်ရှိသူများမပါပဲ ၊ ခွင့်ပြုချက်မရပဲ၊ ဖမ်းဆီးခြင်း လက်ထိပ်ခတ် လက်ပြန်ကြိုးတုတ်ကာ ထိုးကြိတ်ခြင်း၊ ၀ါးလုံးဖြင့် ချေသလုံးရိုးများပေါ်သို့ ဖိကြိတ်ကာ ဒေသခံများအား အငြိုးဖြင့် ညှင်းပန်းနှိပ်စက်များ ပြုလုပ် နေကြောင်း၊ တကယ်၍ မူးယစ်ဆေးဝါး ဖမ်းဆီးမိပါက သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြား နိုင်သော်လည်း မိမိတို့သဘောဆန္ဒအလျောက် ထိုးကြိတ်ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေခြင်းကြောင့် ဖမ်းဆီးထိုးကြိတ်ခံရသူများမှ ရဲစခန်းသို့တိုင်ကြားထားကြောင်း သိရှိရ ပါသည်။ ၎င်းပက်ဂျီဆန်အဖွဲ့မှ တရားဥပဒေမဲ့ လုပ်ဆောင်နေခြင်းအပေါ် ဒေသခံများက မကြေနပ်၍ ၎င်းအဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးဆီမှ သိရှိရပါသည်။

No comments: