မဲဆွယ်နေစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခေါင်မိုး လေးခွဖြင့်ပစ်ခံရ
Sunday, September 20, 2015
မလှိုင်မြို့နယ် ကံသစ် ကျေးရွာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးခွဲတွင် ‘ပြောင်း လဲချိန်တန်ပြီ’ဇာတ်ကားပြသပြီး မဲဆွယ်စည်းရုံးနေစဉ် လေးခွဖြင့် ပစ်ခံရကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချစ်မင်းသိန်းက ပြောသည်။
စက်တင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က စည်းရုံးဟောပြော ရေးလုပ်ငန်းများ ဆောင်ရွက်နေ စဉ် ရုံးခေါင်မိုးကို လောက်လေးခွဖြင့်ရှစ်ချက်ခန့် အပစ်ခံရကြောင်း ဦးချစ်မင်းသိန်းက ပြောသည်။
‘‘စည်းရုံးရေးကာလမှာ ကိုယ်စားလှယ်လောင်းတွေအ တွက် လုံခြုံရေးအပြည့်အ၀ပေး မယ်လို့ ကော်မရှင်က ပြောထား ပါတယ်။ ဟောပြောပွဲလုပ်တာ တို့၊ လှည့်လည်မဲဆွယ်စည်းရုံးရေး ဆင်းတာတို့ဆိုရင်လည်း ရဲတပ် ဖွဲ့ဝင်တွေ လိုက်ပါဆောင်ရွက် ပေးတာရှိပါတယ်။ အခုဖြစ်ပွား တာက ပါတီရုံးမှာ မဲဆွယ်စည်း ရုံးနေတဲ့အချိန်မှာ ပြင်ပကနေ လေးခွနဲ့ လှမ်းပစ်လိုက်တာပါ’’ဟု ဦးချစ်မင်းသိန်းက ပြောသည်။
ပါတီရုံးခွဲခေါင်မိုးကို လောက်လေးခွဖြင့် ပစ်ပေါက်သူ ကို အရေးယူပေးရန် မလှိုင်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးချစ်မင်းသိန်းက တရား လိုပြုလုပ်၍ တိုင်တန်းခဲ့ရာ ပြစ်မှု ပုဒ်မ ၃၃၆ အရ အမှုဖွင့်ပြီး ကျူး လွန်သူကို ဖမ်းဆီးရမိရေး စုံစမ်း လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံးမည့်နေ့ရက်၊ နေရာများ ကို ရွေးကောက်ပွဲကော်မရှင်ထံ သို့ ခွင့်ပြုချက်တောင်းခံရမည်ဖြစ် ပြီး ကော်မရှင်ခွင့်ပြုထားပြီးပါက ပြုလုပ်မည့်နေရာတစ်နေရာတွင် သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ဝင် များက အရပ်ဝတ်ဖြင့်သာလိုက်ပါ ၍ လုံခြုံရေးဆောင်ရွက်ပေးလျက် ရှိကြောင်း တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောသည်။
မဲဆွယ်စည်းရုံးခွင့် စတင် သည့် စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့က မဲဆွယ်စည်းရုံးခွင့် အများဆုံး လျှောက်ထားခဲ့ကြောင်း မန္တလေး တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ စုံစမ်းသိရသည်။
7Day Daily
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment