လေးစားမှု့မရှိတဲ့ Copy သမား အများကြီး တွေ့လာရတယ်။ နာမည်ကြီးချင် ကြတာလား။ ပြည်သူတွေကို သတင်းမှန် ချပြ ချင်တာလား။
သတင်းတခုရဲ့ တာဝန်ယူမှု့ တာဝန်ခံမှု့ အပိုင်းကို နားလည်လား။ သတင်းချိတ်ဆက် ရယူမှု့ကို သဘောပေါက်လား။ ပိုက်ဆံ အကုန်ကျခံနိုင်လို့ လိုင်းပေါ်တက်။ သတင်းတွေ တင်တတ်တဲ့ ပရဟိတ အဖွဲ့အစည်းသမား တွေရဲ့ အကောင့်တွေ၊ သတင်း Page တွေ လေ့လာမှတ်ထား။ တွေ့တာနဲ့ တန်းပြီး Copy ယူတင်။ ဟုတ်လားမသိ မဟုတ်လားမသိ။ သတင်းတခုကို မှန်လား မမှန်လား အတည်မပြုတတ်။ သတင်းထောက် ယောင်ယောင် ဘာယောင်ယောင်။ Like များ Share များရင်ပဲ သိန်း ၁၀၀၀ ထီပေါက်သလို ဖြစ်နေတဲ့ Copy သမားတွေ သတိထား။ ( ၆၆) က ပိုအသက် ဝင်လာပြီး။ မယုံရင် ၂ လုံးဂဏာန်း ထွက်သွား တာတောင်ကြည်။ ၆၆ တဲ့။
ဘယ်သူ့မှ ပြောတာမဟုတ်ဘူး။ ကျုပ်ကိုယ်ကျုပ် ပြောတာ။ ခင်ဗျားတို့လည်း နာတတ်ရင် မှန်လို့ပဲ။ မမှန်ရင် မနာနဲ့။ ပညာတွေ မျှဝေဖူးတယ် (၁၀) ယောက်လောက်။ စောက်ကြီး စောက်ကျယ်နိုင်ပြီး Copy သမားဘဝနဲ့ နွားခြေရာခွက်ထဲက ဖားသူငယ် ဖြစ်နေကြရှာတယ်။ ကိုယ့်တောင် ပြန်ကော်တုတ် ချင်နေကြတယ်။ ဟားး။
ကျွန်တော်လဲ ဒီလိုကျွမ်းကျင်ဖို့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ ရှိခဲ့တယ်။ ခုထိ မစော်ကားဘူး။ အိပ်ယာဝင် ဘုရားရှိခိုးတိုင်း မှန်းဆပြီး အမြဲတမ်း ကန်တော့တယ်။ ကျန်းမာချမ်းသာဖို့ အမြဲတမ်း ဆုတောင်းတယ်။
>> Zin Moe
အဲဒီနာမည် ဖျင်ယားပြီး ဘဝင်မြင့်ပြီး ထိုးထားတာ မဟုတ်ဘူး။ ကိုယ်တင်တဲ့ သတင်းကို တာဝန်ယူမှု့ တာဝန်ခံမှု့ အပြည့်ရှိတယ် ဆိုတဲ့အကြောင်း ပြထားတာ။ တဆင့်ရတဲ့ သတင်းဆိုလည်း မူရင်းပိုင်ရှင် နာမည်ကို အမြဲတမ်း ဦးစားပေးဖော်ပြတယ်။ စကားကုန် ပြောမယ်။ CB က လာပို့တဲ့ သတင်းတောင် ပိုပေးတဲ့သူ နာမည်ကို လေးစားမှု့ အပြည့်နဲ့ ဖော်ပြတတ်တယ်။ အဓိက လေးစားမှု့ဗျ လေးစားမှု့မှတ်ထား။ FB ပါး မဝကြနဲ့။ Copy ပါး မဝကြနဲ့။ ကိုယ်တိုင် အရည်အချင်း ရှိအောင်လဲ ကြိုးစားကြ။
ထပ်သိချင်သေးရင် Zin Moe ဘာအလုပ်လုပ်လဲ အရင် လာစုံစမ်းကြ။
ထပ်ပြောဦးမယ် ဆရာဆိုတာ ဆရာစား တကွက် အမြဲတမ်း ချန်ထားတတ်တယ်။ အဲဒီ ဆရာစား အကွက်နဲ့ ပြန်ချရင် အဖိုးကယ်ပါ အဘကယ်ပါတောင် မမှီဘူး ဖြစ်သွားမယ်။ တသက်လုံး မှတ်ထားကြပါ။
လေးစားမှု့မရှိသော Copy သမားများ အတွက် အမုန်းခံ လူမိုက်လုပ်ပေးလိုက်သည်။
(စကားချပ်။ ။ ဘာမှ မဟုတ်ဘူး အာဆင်နယ် နဲ့ မန်စီးတီး မနိုင်လို့ အိပ်ရေး ပျက်ပြီး ထယောင်နေတာ)
ခပ်ပေါပေါ ခပ်ချာချာ ခပ်ညံ့ညံ့ သောက်ပေါကြီး
>> Zin Moe
No comments:
Post a Comment