Friday, October 7, 2016

နံမည်ကြီး ကော်ဖီမှုန့်  ထုတ် အတုများထုတ်နေသည့် စက်ရုံကို ထိုင်းရဲများ ၀င်ရောက်ဖမ်းဆီး




7-10-2016

ထိုင်းနိုင်ငံအတွင်းမှာ နံမည်ကြီး ကော်ဖီထုတ်တဆိပ် nestle cafe အတုတွေ ထုတ်နေတဲ့  အလုပ်ရုံကို ရဲတပ်ဖွဲ့ တွေ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။


nestle cafe (အအနီ-အစိမ်း)ကော်ဖီထုတ်အတုပေါင်း(၄)သိန်းကျော်439,200 နဲ့ အတူ တရားခံ (၇)ဦး ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ အဖမ်းခံရတဲ့သူတေါမှာ မြန်မာနိုင်ငံသား (၃)ဦးပါဝင်နေပါတယ်၊ ဖမ်းမိတဲ့ သူတွေဟာ လစာနဲ့  ငှားရမ်ထားတဲ့ အလုပ်သမားတွေဖြစ်ပြီး ပိုင်ရှင်ကိုတော့ စုံစမ်းနေဆဲလို့ ထိုင်းသတင်းတွေက ဖေါ်ပြထားပါတယ်။


ထိုင်းနိုင်ငံ ပထုံဌာနီLat Lum Kaeo လပ်လန်ကဲ ခရိုင်အတွင်း မှာ ရှိတဲ့ အဆိုပါ ကော်ဖီတု အတုစက်ရုံဟာ ကော်ဖီထုတ်အတု တွေကို ထိုင်း လမ်းဘေးဈေး တောင်ပေါ်ဈေးနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုဖြန့် ဖြူးနေတာဖြစ်
ပါတယ်။

Credit khaohod
Social Action for Women - SAW

No comments: