Friday, October 7, 2016

မြ၀တီနယ်စပ်မှ မဲဆောက်သို့ နယ်စပ်ဖြတ်ကျော် အစိမ်းကတ်ဖြင့် တစ်ပတ်ကြာ သွားလာနိုင်ပြီ


Posted: October 7, 2016

မြ၀တီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်ခွင့်ကို အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ တစ်ပတ်လည်ပတ် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

ယခင်က ထိုင်းနိုင်ငံ မဲဆောက်သို့ သွားရောက်လည်ပတ်ခွင့်ကို အစိမ်းကတ်ဖြင့် နေ့ချင်းပြန်သာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ မြ၀တီိမှတစ်ဆင့် သွားရောက် လည်ပတ်သူများအနေဖြင့် ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်အတွက် တစ်ဦးလျှင် မြန်မာနိုင်ငံဘက် လူဝင်မှုကြီးကြပ်ရေး၌ ငွေကျပ် ၁၅ဝဝ နှင့် ထိုင်းနိုင်ငံဘက်၌ ထိုင်းဘတ် ၂ဝ (မြန်မာ ငွေကျပ် ၇၂ဝ) ပေးသွင်းရပြီး ကိုယ်ပိုင်ကားဖြင့် သွားရောက် လည်ပတ်လိုသူများ အနေဖြင့် မဲဆောက်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း သွားလာခွင့်အတွက် မြန်မာငွေကျပ် ၂၅ဝဝဝ (ထိုင်းဘတ် ၇ဝဝ) ကုန်ကျမည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

 

“ဒီလိုခွင့်ပြုပေးလိုက်တဲ့အတွက် အေးအေးဆေးဆေး လည်ပတ်ချိန်ရှိတာပေါ့။ ဟိုအရင်ကတော့ တစ်ရက်တည်းဆိုတော့ မြန်မြန်သွား မြန်ုမြန်ပြန် ပုံစံပေါ့” ဟု မြ၀တီမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

 

ဆက်လက်၍ နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့် လူချည်းသက်သက် ( Package Tour ) အဖြစ် ၀င်ရောက်လာပါက ၀င်ပေါက်၊ ထွက်ပေါက်တူညီရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဝသန်

Photo - ကရင်အမျိုးသားမီဒီယာ

The Ladies News

No comments: