အိမ်အကူ ကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုကျူးလွန်ခဲ့သူ အင်းဝအပ်ချုပ်ဆိုင်က ကိုတင်မျိုးလတ် ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမဟုတ်ကြောင်း ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
စက်တင်ဘာလ (၂၃) ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရုံးအဖွဲ့မှူး ဦးနေဝင်းလက်မှတ်ရေးထိုးပြီး အဲ့ဒီလို ကြေညာလိုက်တာပါ။
ကိုတင်မျိုးလတ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဝင်လျှောက်လွှာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက် မှာ လာရောက် တင်သွင်းခဲ့ပေမယ့် ပါတီအနေနဲ့ ပါတီဝင်အဖြစ် လုံးဝ လက်ခံထားခြင်းမရှိဘူးလို့လည်း ထုတ်ဖော်ပြောဆို လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းက နေပြည်တော်လွှတ်တော် လေ့လာရေး ခရီးမှာလည်း ကိုတင်မျိုးလတ်ဟာ ရပ်မိရပ်ဖပြည်သူတစ်ဦးအနေနဲ့သာ လိုက်ပါခဲ့တာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေအပြင် NLD ပါတီဝင်တွေနဲ့ အမှတ်တရဓာတ်ပုံ ရိုက်ယူခဲ့တာသာ ဖြစ်တယ် လို့လည်း ဆိုတာပါ။ ဒ့ါအပြင် ဥပဒေကိုချိုးဖောက်ရင် NLD ပါတီဝင်သာမက ပြည်သူအားလုံး တစ်ပြေးညီ အရေးယူခံရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန် ကြေညာထားပါတယ်။
Share this:
No comments:
Post a Comment