Friday, September 23, 2016

ရထားလမ်းကမ်းကပ်ခုံ ရေတိုက်စားမှုကြောင့် ခင်ဦး- မုံရွာ ရထားအား ရေဦး -မုံရွာ လမ်းပိုင်းအတွင်းသာ ယာယီပြေးဆွဲမည်



Posted: September 23, 2016

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ စက်တင်ဘာ ၂၁ ရက်တွင် ရေဦးမြို့ အငယ်တန်းအင်ဂျင်နီယာ-၂ (သံလမ်း) ဦးစိုးမြင့်က ရထားလမ်းပိုင်းနှင့် တံတားများ စစ်ဆေးစဉ် မြစ်တော်ဘူတာ နှင့် အင်းပတ်ဘူတာကြား မူးတိမ်အလယ် ချောင်းကူးတံတား အမှတ်(၃ဝ၆)သည် အင်းပတ်ဘူတာဘက်ခြမ်းရှိ ကမ်းကပ်ခုံ ရေတိုက်စား၍ တစ်ပေခွဲခန့် နိမ့်ကျွံကျသွားသဖြင့် ရထားလမ်းပိုင်းအား ယာယီပိတ်ထားခဲ့ ကြောင်း သိရသည်။

 

ရထားလမ်းနိမ့်ကျမှုအား စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီက ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်၊ မီးရထားအင်ဂျင်နီယာမှူး (ရွာထောင်) ဦးမင်းသူ၊ ဆည်မြောင်းဦးစီးအရာရှိ ဦးထွန်းထွန်းတို့က အမြန်ဆုံးဆောင်ရွက် ပြီးစီးနိုင်ရေးအတွက် သွားရောက်ကြည့်ရှုခဲ့သည်။

 

တံတားအမှတ် (၃ဝ၆)ကို မီးရထားဝန်ထမ်း ၃ဝ ဖြင့် ယာယီဇလီဖားတုံး ထပ်ခွေပြုလုပ်ဆောင်ရွက်၍ လမ်းပိုင်းကို ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိပြေးဆွဲနေသော ခင်ဦး-မုံရွာ လူစီးရထားကို ရေဦး-မုံရွာအထိသာ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရေဦးမြို့ အငယ်တန်းအင်ဂျင်နီယာ-၂ (သံလမ်း)ဦးစိုးမြင့် ပြောသည်။

 

MOI

The Ladies News

No comments: