Saturday, September 17, 2016

ဆိုင်ကယ်တစ်စီးကိုဝင်တိုက်မိပြီး နှစ်ဦးသေဆုံးခဲ့သောဖြစ်စဉ်မှ တိမ်းရှောင်နေသည့် G-2000 ခရီးသည်တင် ယာဉ်မောင်း လာရောက်အဖမ်းခံ

စက်တင်ဘာ ၁၀ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်ကို တွေ့ရစဉ်
ဆိုင်ကယ်တစ်စီးကို ၀င်တိုက်မိပြီး လူ နှစ်ဦး သေဆုံးခဲ့သောဖြစ်စဉ်မှ ထွက်ပြေး တိမ်းရှောင်နေသည့် G-2000 ခရီးသည်တင် ယာဉ်မောင်းမှာ စက်တင်ဘာ ၁၆ ရက် နံနက်က လာရောက် အဖမ်းခံခဲ့ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ် (၂၂) ရပ်ကွက် ဧရာဝဏ်လမ်းပေါ်ရှိ ဘုရားလေးကွေ့ မှတ်တိုင်အနီး၌ စက်တင်ဘာ ၁၀ ရက် နံနက်က G-2000 ခရီးသည်တင် ယာဉ်တစ်စီးသည် အရှိန်ပြင်းစွာ မောင်းနှင်လာပြီး လမ်းဘေးသို့ထိုးကျခဲ့ရာ ဆိုင်ခန်းအချို့နှင့် ဆိုင်ကယ်တစ်စီးကို ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။

ထိုသို့ ဆိုင်ကယ်ကို ၀င်တိုက်မိသဖြင့် ဆိုင်ကယ်ပေါ်တွင် စီးနင်းလာသည့် အမျိုးသားနှစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး G-2000 ခရီးသည်တင် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားရာမှ စက်တင်ဘာ  ၁၆ ရက် နံနက်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုရုံးသို့ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်မောင်းက ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်းမှာ အကြောက်လွန်ပြီး ထွက်ပြေးသွားတာ။ နောက်တော့ သူ့ဆရာကနေတစ်ဆင့် ကျွန်တော်တို့ ယာဉ်ထိန်းက ဖုန်းလှမ်းဆက်ပြီး အဖမ်းခံဖို့ပြောလိုက်တယ်။ အဲဒီတော့ ဒီနေ့မနက်ပဲ သူကိုယ်တိုင်လာပြီး အဖမ်းခံတယ်”  ဟု ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ဆိုင်ကယ်ပေါ်တွင် လိုက်ပါစီးနင်းလာသူနှစ်ဦးကို ၀င်တိုက်ကာ ထွက်ပြေးတိမ်းရှောင်သွားသည့် ယာဉ်မောင်းဖြစ်သူမှာ အသေးလေး (ခ) ကျော်မင်းသိန်း (၁၇ နှစ်) ဖြစ်ပြီး သတ်မှတ် ယာဉ်မောင်း လိုင်စင်မရှိဘဲ G-2000 ခရီးသည်တင်ယာဉ်အား မောင်းနှင်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါ ဖြစ်စဉ်အား တောင်ဒဂုံမြို့မ ရဲစခန်းက ယာဉ် (ပ) ၅၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။                           
Writer: 
ရှိုင်းလင်းအောင်





မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: