Saturday, September 17, 2016

ကရင်ပြည်နယ် မဲသဝေါနယ်မြေအတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ၅၀၀၀ နီးပါး အရေးပေါ် အကူအညီလိုအပ် နေ

ကရင်ပြည်နယ်၊ မဲသဝေါနယ်မြေ အတွင်း ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ၅၀၀၀ နီးပါး အရေးပေါ်အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ဒုက္ခသည်များထံမှ သိရှိရသည်။
 
စစ်ရှောင်ဒုက္ခသည်များသည် မြိုင်ကြီးငူကျေးရွာတွင် အစုလိုက်အပြုံလိုက် နေထိုင်နေရပြီး စစ်ရှောင် ဒုက္ခသည်များလည်း နေ့စဉ်လာရောက် ခိုလှုံနေကြောင်း စစ်ရှောင်ဒုက္ခသည်များထံမှ သိရသည်။
 
"ဒီမှာက စစ်ရှောင်ဒုက္ခသည်တွေ အများကြီး ရှိနေတယ်။ အစားအသောက်ကတော့ ဖြစ်သလို စားနေရတယ်။ စစ်ရှောင်ဒုက္ခသည်တွေအတွက် အကူအညီအများကြီး လိုအပ်နေပါတယ်" ဟု စစ်ရှောင်ဒုက္ခသည် ကိုစောဖိုးခွားက ပြောသည်။
 
စစ်ရှောင်ဒုက္ခသည် စခန်းတွင် ကလေးသူငယ်တချို့သည်လည်း ဖျားနာမှုများ ရှိနေသဖြင့် အဝတ်အထည်၊ ဆေးဝါးသာမက အစားအသောက်၊ မိုးကာတဲနှင့် ရေကောင်းရေသန့်များလည်း လိုအပ်နေကြောင်း သိရသည်။
 
"တိုက်ပွဲက ဆက်တိုက်ဖြစ်နေတော့ လှူပေးမယ့်သူတွေကလည်း မသွားရဲဘူး ဖြစ်နေတယ်။ တိုက်ပွဲရပ်သွားရင်တော့ တတ်နိုင်သလောက် စစ်ရှောင်ဒုက္ခသည်တွေအတွက် စားဖို့သောက်ဖို့၊ သွားဖို့အစီစဉ်ရှိပါတယ်" ဟု မုံရွာမြို့ခံကိုအောင်နေမျိုးက ပြောသည်။
 
ကရင်ပြည်နယ် မဲသဝေါနယ်မြေတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ရက်သတ္တပတ်ကျော်ပြီ ဖြစ်သော်လည်း ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
 
MMK
The Ladies News





မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: