Monday, September 19, 2016

ပရဟိတရုံးခန်း ဖွင့်လှစ်ရန် ခြံခတ်ရာမှ ဓားခုတ်မှုဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၈

 

သာကေတမြို့နယ် (၄) မြောက်ရပ်ကွက်ရှိ အောင်ဇေယျလမ်းနှင့် ဘောဂရတနာလမ်းတွင် စက်တင်ဘာ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲက ပရဟိတရုံးခန်းဖွင့်လှစ်ရန် လျာထားသော  မြေကွက်ခြံခတ်ရာမှ အသက် ၅ဝ အရွယ်ရှိ အမျိုးသားတစ်ဦးကို ၎င်းနှင့် အချင်းများသည့် မိသားစုဝင်မှ မိသားစုငါးဦးက ဓားဖြင့် ဝိုင်းခုတ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ ကနဦး သိရှိရသည်။

 

အဆိုပါ ဓားဖြင့် အခုတ်ခံရသောသူမှာ ဦးကြည်မိုးဆိုသူ ဖြစ်ကြောင်း၊ ၎င်းသည် ပရဟိတရုံးခန်း ဖွင့်လှစ်ရန် မြေကွက်ကို ခြံခတ်ရာမှ အဆိုပါ မြေကွက်ဘေးတွင် နေထိုင်သူ ဦးအောင်ဝင်းစိုး ရောက်ရှိလာပြီး ခြံမခတ်ရန် ပြောဆိုရာမှ အချင်းများပြီး ပါလာသော ဓားဖြင့် ခုတ်ခဲ့ကြောင်း သာကေတမြို့နယ် ရဲတပ်ဖွဲ့ထံ ကနဦး တိုင်တန်းချက်များအရ သိရသည်။

 

“ဓားခုတ်ခံရလို့ ဦးကြည်မိုးလဲ ကျသွားတဲ့အချိန် ဦးအောင်ဝင်းစိုးရဲ့ မိသားစုဝင် လေးဦးလုံး ရောက်လာပြီး ရိုက်တဲ့သူကရိုက်၊ ဓားနဲ့ ခုတ်တဲ့ သူခုတ်ပြီး ညတွင်းချင်း ထွက်ပြေးသွားကြတယ်” ဟု သာကေတမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး ကိုကိုထွေးက ပြောကြားသည်။

 

ဓားခုတ်မှု ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဦးအောင်ဝင်းစိုးနှင့် မိသားစုဝင် လေးဦးကို (ပ) ၁ဝ၃၄/၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၂၉၄/ ၁၄၄ အမှုဖွင့်၍ ဖမ်းဆီးမိရေးအတွက် စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သာကေတမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

No comments: