‘၀’ကိုယ်စားလှယ် အဖွဲ့ ညီလာခံမှ ထွက်ခွာသွားခဲ့ ခြင်းမှာ
ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကို ကန့်ကွက်ခြင်း မဟုတ်ဘဲ အစည်းအဝေးအစီအ
စဉ် တရားမျှတမှု၊ ပွင့်လင်းမြင် သာမှု မရှိခြင်းကြောင့် ကန့်ကွက်
ခြင်းသာဖြစ်ကြောင်း ‘၀’ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ (UWSP)
ကကြေညာချက်ထုတ် ပြန်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအစီအစဉ်တရားမျှတမှု နှင့် ပွင့်လင်းမြင်သာမှု မရှိလျှင် နောက်ကျင်းပမည့် နိုင်ငံရေးဆွေး နွေးမှုတွင် တရားမျှတမှုရှိမည် လားဟူ၍လည်း ယင်းကြေညာ ချက်၌ မေးခွန်းထုတ်ထားပြီး နိုင်ငံ ရေးဆွေးနွေးသည့်အခါ အစီအ စဉ်တရားမျှတမှုရှိရေး တောင်းဆို ထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တစ်သက်တာလုံးအကြမ်းမဖက် ရေး၊ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကြိုး ပမ်းမှုများကို ‘၀’က လေးစားချီး ကျူးကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
အချက် ခြောက်ချက်ပါ ယင်းကြေညာချက်၌ ‘၀’အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် နှင့် နှစ်ဖက်တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး နိုင်ငံရေးသဘောတူစာချုပ်ရယူ လိုသည့် သဘောထားကို ကိုင်စွဲ ထားကြောင်း ဖော်ပြထားသည်။
‘နိုင်ငံရေးဆွေးနွေးမှုအပေါ် ‘၀’ ပြည်နယ်၏ အထွေထွေမူဝါဒ နှင့် အသေးစိတ်တောင်းဆိုချက် များ’အမည်ရှိ စာတမ်းကို တရား ၀င်စာတမ်းအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ ပြည်ထောင်စုငြိမ်း ချမ်းရေးကော်မတီထံ တင်ပြခဲ့ ကြောင်း၊ ယင်းစာတမ်းကို တစ် နိုင်ငံလုံးပြည်သူလူထုနှင့် နိုင်ငံတ ကာအား လူသိရှင်ကြားဖော်ပြ မည်ဖြစ်ကြောင်း ကြေညာချက်၌ ပါရှိသည်။
မြန်မာနိုင်ငံရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် အကြီးဆုံးနှင့် အင်အားအတောင့် တင်းဆုံးလက်နက်ကိုင်အဖွဲ့ဖြစ် သော UWSP သည် ၂၁ ရာစုပင်လုံ ညီလာခံဖွင့်ပွဲသို့ တက်ရောက် ခဲ့ပြီး ဒုတိယနေ့တွင် ညီလာခံ မတက်တော့ဘဲ နေရပ်သို့ ပြန် လည်ထွက်ခွာသွားခဲ့သည်။
ညီလာခံတက်ရောက်ခွင့် လည်ဆွဲကတ်ပြားများတွင် အ ခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းဆိုသည့် ကတ်ကိုရရှိပြီး ‘၀’ ကိုယ်စားလှယ် အဖွဲ့က လေ့လာသူဆိုသည့် ကတ်ကိုသာ ရရှိ၍ တရားမျှတမှုမရှိဟု ဆိုကာ ပြန်လည်ထွက်ခွာခဲ့သည် ဟု ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံသို့ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဆက်လက်မတက် ရောက်ဘဲ နေရပ်ပြန်သွားခြင်းအ ပေါ် မည်သူ့ကိုမျှ အပြစ်မတင်ဘဲ လက်ရှိဆောင်ရွက်နေသော အ မျိုးသားပြန်လည်သင့်မြတ်ရေး ကို မထိခိုက်အောင် ဆောင်ရွက် ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကသတင်းထောက်များအား ပြောခဲ့သည်။
ယင်းနောက် ၂၁ ရာစုပင် လုံအစည်းအဝေးမှ ‘၀’ ကိုယ်စား လှယ်အဖွဲ့ ဆက်လက်မတက် ရောက်ဘဲ ထွက်ခွာသွားခြင်းနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုအားနည်း ချက်အချို့ကြောင့် အဆင်မပြေ ဖြစ်ခဲ့ရသည်ကို နားလည်ပေးနိုင် ပါရန် ငြိမ်းချမ်းရေးကော်မရှင်က မေတ္တာရပ်ခံစာကြေညာချက် ထုတ်ပြန်သည်။
‘၀’အဖွဲ့ခေါင်းဆောင် ဦး ပေါက်ယူချန်းထံ လိပ်မူ၍ ထုတ် ပြန်သော အဆိုပါစာတွင် ညီလာ ခံတက်ရောက်လာသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို နိုင်ငံတော် က တန်းတူညီတူသဘောထား ကြောင်းနှင့် စီမံခန့်ခွဲမှုအချို့ ကြောင့် အဆင်မပြေဖြစ်ခဲ့ရမှုများ ရှိခဲ့သည်ကို နားလည်ပေးပါရန် ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စား မေတ္တာရပ်ခံအပ်ပါကြောင်း ဖော် ပြထားသည်။

No comments:
Post a Comment