ရန်ကုန်၊ စက်တင်ဘာ ၃
သင်္ဃန်းကျွန်းမြို့နယ်၊
သံသုမာလမ်းရှိ ကညန ရုံးရှေ့တွင် စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၃ နာရီခွဲက
လိုင်စင်မဲ့ Alphard အမျိုးအစား အနက်ရောင် ယာဉ်တစ်စီးကို မောင်းနှင်လာသည့်
ရဲတပ်ကြပ် တစ်ဦးကို ဖမ်းဆီး အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ လိုင်စင်မဲ့ယာဉ်
မောင်းနှင်လာသော ရဲတပ်ကြပ်မှာ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တိုက်ကွမ်ဒို
အားကစားဖြင့် တွဲဖက် တာဝန် ယူထားသူ ဖြစ်ပြီး ယင်းနေ့က ၎င်း၏ မော်တော်ယာဉ်ကို
စစ်ဆေးခဲ့ရာ ယာဉ်နှင့် ပတ်သက်သည့် ခိုင်လုံသည့် အထောက်အထား တစ်စုံတစ်ရာ
မပြသနိုင်ခြင်းကြောင့် ဖမ်းဆီးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ
ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“ကညနရုံးက
တာဝန်ရှိသူတွေ ယာဉ်ကို စစ်ဆေးကြည့်တော့ ယာဉ် အမှတ်၊ အမျိုးအစားနဲ့
အမည်တို့က ရုံးမှတ်တမ်းတွေနဲ့ ကွဲလွဲနေတယ်၊ ယာဉ်မှတ်ပုံတင်ထားခြင်း
မရှိကြောင်း စစ်ဆေး သိရှိရလို့ ရဲတပ်ကြပ်ကို ဖမ်းဆီး အရေး ယူခဲ့တာပါ”ဟု ၎င်းက
ဆက်လက် ပြောကြားသည်။
No comments:
Post a Comment