မြဝတီ၊ စက်တင်ဘာ ၃
ခွဲထွက်
DKBA အဖွဲ့မှ ဗိုလ်နား မကြားဆိုသူသည် သြဂုတ်လ ၂၉ ရက်နေ့တွင်
ပြန်ပေးဆွဲခံရသူ သစ်ခုတ်သမား တစ်ဦး၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ပြီး
နောက်နှစ်ရက် အကြာတွင် ခွဲထွက် (DKBA) တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား
တပ်မတော်က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ
ကြေညာချက်တွင် ကော့ကရိတ်မြို့နယ် ကောင်းမူ ကျေးရွာနှင့် အခြား
ကျေးရွာများတွင် လုံခြုံရေး ယူထားသည့် တပ်မတော် စစ်ကြောင်းများနှင့် BGF
စစ်ကြောင်းများ စက်တင်ဘာ လ ၁ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းပေးရန်နှင့်
ရုပ်သိမ်းမှု မရှိပါက မိမိတို့ အနေနှင့် စစ်မျက်နှာဖွင့်
တိုက်ခိုက်မည်ဖြစ်ကြောင်း ဒုစစ်ဦးစီးချုပ် စောတိုင်းရွှေက လက်မှတ် ရေးထိုး
ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ထုတ်ပြန်ခဲ့ပြီးနောက်
စက်တင်ဘာလ ၂ ရက်နေ့ ညနေတွင် မဲသဝေါအနီး ဘယ်လာရွတ်ရှိ BGF တပ်ရင်း (၁ဝ၁၂) မှ
လုံခြုံရေး ယူထားသည့် စခန်းများ၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် လေးနာရီခွဲ
အချိန်တွင် မြိုင်ကြီးငူဒေသ ရင်းမိုင်ကျေး ရွာအနီး BGF (၁ဝ၁၁) လုံခြုံရေး
ယူထားသော စခန်းများကိုလည်းကောင်း၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ခြောက်နာရီ
တွင် မဲသဝေါဒေသ မဲပေါ်တံတား အနီးရှိ BGF စခန်းများ ရှိရာသို့
လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်၍လည်းကောင်း နံနက် ခုနစ်နာရီ ဝန်းကျင်၌
မြိုင်ကြီးငူ ဒေသရှိ “စောမွေ” ကျေးရွာ အနီးသို့လည်းကောင်း လေးကြိမ်အထိ
ပစ်ခတ်ခဲ့ကြောင်း BGF တပ်နယ် ၃ မှ ဗဟို ကွပ်ကဲရေးနှင့် အကြံပေး အရာရှိ
ကရင်ပြည်နယ် နယ်ခြားစောင့်များ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး
စောချစ်သူ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး နိုင်မောင်ဇော်ထံမှ သိရသည်။
No comments:
Post a Comment