ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးနေစဉ် (ဓာတ်ပုံ-Mandalay Traffic Police)
အရက်သောက်စားမူး
ယစ်ပြီး ယာဉ်မောင်းနှင်မှုကြောင့် မတော်တဆမှုများ
ဖြစ်ပွားနေ၍အရက်မူးတိုင်းကိရိယာဖြင့် တိုင်း တာစစ်ဆေးပြီး အရက်သောက်
စားမူးယစ်သူများကို ရဲစခန်းတွင် ခေါ်ယူထိန်းသိမ်းမည်ဟု သတင်း ရရှိသည်။
ယာဉ်တိုက်မှုများနှင့် ယာဉ် တိမ်းမှောက်မှုများ လျော့ကျစေ ရန် တစ်နိုင်ငံလုံးရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ် ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယာဉ် မောင်းများကို အရက်မူးတိုင်းကိရိ ယာဖြင့် စစ်ဆေးမည်ဖြစ်ကာ မော်တော်ယာဉ်မောင်းနှင်ရန် အန္တရာယ်ရှိသည့် အခြေအနေအ ထိ သောက်စားမူးယစ်နေသူများ ကို မော်တော်ယာဉ်ဥပဒေအရ အ ရေးယူ၍ ရဲစခန်းများ၌ ထိန်းသိမ်း မည်ဖြစ်ကြောင်း အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးကံသိန်းက ထပ်မံ ပြောကြားသည်။
‘‘တစ်နိုင်ငံလုံးအတိုင်းအ တာအနေနဲ့ စလုပ်နေတာ တစ် ပတ်လောက်တော့ရှိနေပြီ။ Alcohol Taster နဲ့ တိုင်းပြီး စစ်ဆေး တာက ပြည်သူလူထုက သိပ်မသိ သေးတဲ့အတွက် ပညာပေးနေ တယ်။ နောက်ပိုင်းမှာတော့ အ ရေးယူမှုတွေလုပ်မယ်။ ဒါပေမဲ့ အရမ်းကြီးမူးယစ်နေပြီး ယာဉ် မောင်းဖို့အန္တရာယ်များတဲ့အခြေ အနေမျိုးဆိုရင် အရေးယူပြီး ရဲ စခန်းမှာ ထိန်းသိမ်းမှာဖြစ်တယ်’’ ဟု ဒုတိယရဲမှူးကြီး ကံသိန်းက ပြောသည်။
ယာဉ်မတော်တဆ တိမ်း မှောက်မှုများမဖြစ်ပွားစေရေးနှင့် လုံခြုံရေးအတွက် ညအချိန်မောင်း နှင်သည့် မော်တော်ယာဉ်များကို သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့များ နှင့် ပူးပေါင်း၍ လက်နက်များ သယ်ဆောင်လာခြင်းရှိ၊ မရှိနှင့် အရက်သေစာသောက်စားထား ခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ် ကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

No comments:
Post a Comment