Sunday, September 4, 2016

မန္တလေးတွင် ဆုံဆို့နာရောဂါသံသယရှိသူ ၁၀ ဦးအနက် တစ်ဦးသေဆုံး

အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ကူးစက်နိုင်သည့် ဆုံ ဆို့နာရောဂါသံသယရှိသူ ၁၀ဦး ကို မန္တလေးတိုင်းဒေသကြီးအတွင်း တွေ့ရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဆုံဆို့နာရောဂါသည် ကလေးငယ်များတွင် အဓိကဖြစ် ပွားနေပြီး မန္တလေးတိုင်း၌ ယခုလ ၃ ရက်အထိ ဆုံဆို့နာ ရောဂါ သံသယရှိသူ ၁၀ ဦးတွေ့ရှိခဲ့သည့် အနက်မှ သာစည်မြို့နယ်ရှိ အ သက်(၁၆)နှစ်အရွယ်ရှိသူ တစ်ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အထူးရောဂါနှိမ်နင်း ရေးအဖွဲ့ခေါင်းဆောင် ဒေါက် တာ နှင်းနွယ်နီအေးကပြောသည်။
‘‘သံသယရှိတဲ့လူနာဆိုပြီး တက်လာတာ ၁၀ ယောက်ရှိပြီ။ ဓာတ်ခွဲစစ်လိုက်တဲ့အခါမှာလည်း တစ်ယောက်မှ ဆုံဆို့နာရောဂါ ဖြစ်တယ်ဆိုတာ အဖြေမထွက် ဘူး။ သံသယရှိလူနာထဲကပဲ တစ် ယောက်သေဆုံးတယ်။ သူက လည်း ဆုံဆို့နာဆိုတာ အဖြေမ ထွက်ဘူး။ ဆုံဆို့နာဆိုတာ လည် ပင်းနာပြီး အမြှေးပါးလေးတွေ့ တယ်။ နောက်ပိုင်းမှာ အသက်ရှူ ပေါက်ကို ပိတ်ပြီးသေဆုံးတာဖြစ် တယ်’’ဟု ဒေါက်တာနှင်းနွယ်နီ အေးက ပြောသည်။
အခြားတိုင်းနှင့်ပြည်နယ် များတွင် ဆုံဆို့နာရောဂါ စတင် ဖြစ်ပွားချိန်မှစ၍ မန္တလေးတိုင်းအ တွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို အထူးသတိပေးထားပြီး ရောဂါ လက္ခဏာနှင့်ပတ်သက်၍ သင် တန်းပေးထားပြီးဖြစ်ကြောင်း သိ ရသည်။
ဆုံဆို့နာရောဂါဖြစ်ပွားမှုမ ရှိစေရန် ကလေးငယ်များကို လေးလ၊ ခြောက်လ အရွယ်တို့ တွင် ကာကွယ်ဆေးထိုးထားရ မည်ဖြစ်ကာ လည်ချောင်းနာသည့် ကလေးငယ်များ အထူးဂရုစိုက်၍ ဆေးကုသမှုခံယူရမည်ဟု အထူး ရောဂါနှိမ်နင်းရေးမှ စုံစမ်းသိရ သည်။မန္တလေးတိုင်းအတွင်း ဆုံဆို့ နာရောဂါသံသယရှိလူနာများမှာ မြစ်သားမြို့နယ်မှ သုံးဦး၊ သာ စည်မြို့နယ်မှ တစ်ဦး၊ အမရပူရ မြို့နယ်မှ တစ်ဦး၊ ပြည်ကြီးတံခွန် မြို့နယ်မှ တစ်ဦး၊ ပုသိမ်ကြီးမြို့ နယ်မှ တစ်ဦး၊ မဟာအောင်မြေ မြို့နယ်မှ တစ်ဦး၊ မိတ္ထီလာမြို့နယ် မှ တစ်ဦး၊ ငါန်းဇွန်မြို့နယ်မှ တစ် ဦးဖြစ်ကြောင်း မန္တလေးတိုင်း အ ထူးရောဂါနှိမ်နင်းရေး မှတ်တမ်း အရ သိရသည်။

No comments: